AA News

0 0
Read Time:5 Minute, 2 Second

အကြမ်းဖက်စစ်တပ်ကို အိမ်နီးချင်းနိုင်ငံအချို့က စစ်လက်နက်များ ကူညီပံ့ပိုးနေကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

 

  • မြန်မာပြည်သူတို့၏ အကောင်းဆုံးမိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်မည်

 

D Day News

ဧပြီလ ၁၀

 

အကြမ်းဖက်စစ်ကောင်စီတပ်ကို အိမ်နီးချင်းနိုင်ငံအချို့က စစ်လက်နက်များကူညီထောက်ပံ့ပေးနေ ကြောင်း ရခိုင့်တပ်တော် -အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။

 

ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သော ရခိုင့်တပ်တော် တည်ထောင်ခြင်း ၁၅ နှစ်မြောက် အခမ်းအနားသို့ ပေးပို့ပြော ကြးသည့် သဝဏ်လွှာတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

 

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဗမာလူမျိုးတို့၏ ပြင်းထန်သော ဆန့်ကျင်မှု၊ လက်နက်ကိုင်တော် လှန်မှုတို့နှင့် ပြည်ထောင်စုတဝန်းလုံးရှိ တိုင်းရင်းသားပေါင်းစုံတို့၏ တပြိုင်တည်း ဆန့်ကျင်မှုကို ရင် ဆိုင်နေရပြီး နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး အကြပ်အတည်းတို့ ရင်ဆိုင်နေရကြောင်း၊ ထို့အပြင် တပ်တွင်းမညီညွတ်မှု၊ ထိပ်ပိုင်းဂေါင်းဆောင်အချင်းချင်းအကြား မယုံကြည်တို့အပြင် မြန်မာစစ်တပ် စတင်ဖွဲ့စည်းစဉ်ကတည်း ယနေ့အထိ တစ်ခါမျှမကြုံဘူးသော အထွေထွေအကြပ် အတည်းကို တပြိုင်နက်တည်း ရင်ဆိုင်နေရသည်ကို အားလုံးမြင်တွေ့နေရပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

“သို့သော် သူ့ရဲ့ အားသာချက်က စစ်လက်နက်အင်အား၊ ရေတပ်၊ လေတပ်နဲ့ အကျိုးစီးပွားချင်း ဆက် စပ်နေတဲ့ အချို့သော အိမ်နီးချင်းနိုင်ငံတို့ ရဲ့ ကူညီပံ့ပိုးမှုနဲ့ ဆက်လက်ပြီးတော့ ပြည်သူတွေကို အ ကြမ်း ဖက်သတ်ဖြတ်ကာ အာဏာကို ဆက်လက်ဖက်တွယ်ထားပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ဆက်လက်ပြောကြားသည်။

 

ရခိုင်ပြည်နယ်တွင် စစ်တပ်အချင်းချင်းမယှဉ်နိုင်သဖြင့် အကြမ်းဖက်နည်းလမ်းတို့အပါအဝင် လူမဆန် ယုတ်ညံ့မှုနည်းလမ်းပေါင်းစုံဖြင့် ထောင့်ပေါင်းစုံက စစ်မျက်နှာဖွင့်ကာ အလုံးစုံပျက်သုဉ်းရေးအတွက် တိုက်ခိုက်နေကြောာင်း သိရသည်။

 

ထိုသို့ ဖက်ဆစ်စစ်ကောင်စီ၏ အလုံးစုံပျက်သုဉ်းရေးမူဝါဒချမှတ်ကာ လုပ်နေရုံမက ရန်ကုန်၊ မန္တလေး အပါအဝင် အခြားဒေသများတွင်ပါ ၁၁/ မှတ်ပုံတင်ကိုင်ထားသူများကို လူမျိုးရေးခွဲခြားကာ ကန်သတ် ချုပ်ချယ်ခြင်း၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်း၊ အာဏာပြငွေညှစ်ခြင်းနှင့် သတ်ဖြတ်ဖျောက်ဖျက်ခြင်း တို့ကိုပါ လုပ်ဆောင်လျက်ရှိကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုသည်။

 

“ငါတို့ အာရက္ခတပ်တော်သည် မတရားမှုကို လုံးဝသီးခံဖို့မဟုတ်၊ လက်တုံ့ပြန် ဆောင်ရွက်ဖို့ ဖြစ် တယ်၊ စစ်ရေးအရ ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ဖြစ်လာတာဖြစ်တယ်၊ စစ်ရာဇတ်ဝတ်ကောင် တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖမ်းဆီးအရေးယူပြီး နစ်နာဆုံးရှုံးသူ ပြည်သူတွေအတွက် တရားမှုတမှု ရရှိအောင် ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

စစ်ကောင်စီတပ်က ပိတ်ဆို့ခံထားရသည့် စစ်တွေ၊ ကျောက်ဖြူမြို့နယ်များနေ ပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေကိုလာရောက်နေထိုင်ကြရန်နှင့် အဆုံးအဖြတ်စစ်ပွဲကြီးအတွက် ပြင်ဆင်စရာ ရှိကာတိုကို ပြင်ဆင်ထားကြရန် မှာကြားသည်။

 

မြန်မာပြည်ထောင်စုနှင့် ပတ်သက်၍ ဗမာအပါအဝင် ဘဝတူတိုင်းရင်းသစား ညီနောင်များ၏ နိုင်ငံ ရေးလိုလားချက်၊ မျှော်မှန်းများကို လေးစားထောက်ခံပြီး မြန်မာပြည်သူတို့၏ အကောင်းဆုံးမိတ်ဆွေ အဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားသည်

 

ယခုအချိန်အခါသည် အနာဂတ်ကံတရား အလှည့်အပြောင်းတစ်ခုလုံးကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်ပြီး တော်လှန်ရေးကြီးကို အပြတ်အသတ်အောင်ပွဲခံကာ မတရားမှုကို အဆုံးသတ်ရန် နှင့် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးပုံဖော်နိုင်သည့် အနာဂတ်ကမ္ဘာ့သမိုင်းတွင် ဂုဏ်သိက္ခာရှိရှိ လူမှန် နေရာ ရပ်တည်နိုင်ရန် အချိန်အခါသင့် အောင်ပွဲမျှော်လင့်ချက်ရောင်နီသန်းလာပြီဖြစ်ကြောင်း အသိ ပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *