တနင်္သာရီမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းနှင့် ရိက္ခာပို့ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ
D Day News
အောက်တိုဘာလ ၂၉
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းနှင့် ရိက္ခာပို့ ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း တနင်္သာရီမြို့နယ် ပကဖ တောဗုံးကြီး တပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၂၇ ရက် နံနက် ၁၁ နာရီခန့်ကတနင်္သာရီမြို့နယ်၊ဘန်းလမွတ်ကျေးရွာ ၄၃၃ ဘုရား တောင်ခြေအနီးတွင် အင်အား ၄၀ ခန့်ပါ အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းကို တနင်္သာရီမြို့ နယ်ပကဖ (ဇုံ – ၅) တောဗုံးကြီး တပ်ဖွဲ့မှ ရှေ့ထွက်မိုင်း ၃ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်ရာ အ ကြမ်းဖက်စစ်ကောင်စီ တပ်သား ၇ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို ထမ်းစင်ဖြင့် တော လမ်း အတိုင်းသယ်ယူကာ ပနပ်ငယ်ကျေးရွာအရောက်တွင် ကားဖြင့် တနင်္သာရီမြို့ဘက်သို့ သယ် ဆောင်သွားကြောင်းကြောင်း၊ ယင်းအကြမ်းဖက်စစ်သား ၇ ဦးအနက် သေဆုံးနိုင်သူများရှိကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၂၆ ရက်နေ့တွင် မြိတ်မြို့မှ ထွက်လာ ခြင်းဖြစ်ပြီး တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက်ခမရ ၅၅၆ တပ်ရင်း၌ တစ်ညအိပ်ကာ အောက် တိုဘာလ ၂၇ ရက် နံနက် ၃ နာရီအချိန်တွင် တနင်္သာရီမြို့ဘက်သို့ တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ထို့အပြင် အောက်တိုဘာလ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာပို့ ကား ၂ စီးကို ရှေ့ထွက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သော်လည်း ကားအရှေ့သို့ လွန်သွား ပြီးမှ မိုင်း ပေါက်ကွဲသဖြင့် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
D Day News