Sagaing News

0 0
Read Time:2 Minute, 7 Second

မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီး ရေဦးဆီဆိုင်၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံး ကျဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိနိုင်

 

D Day News

အောက်တိုဘာလ ၂၉

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးရှိ ရေဦးဆီဆိုင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Dog Killers People’s Defence Force Myinmu ထံမှ သိရသည်။

 

ယနေ့‌ အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီ ၂၅ မိနစ်အချိန်တွင် မြင်းမူမြို့နယ် ၊ ဝမ်းပြည့်ကျေးရွာ အနီး ရေဦး ဆီဆိုင်၌ အထိုင်ချ တပ်ဆွဲထားသော အကြမ်းဖက်စစ်သားများကို Drone ဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများနေထိုင်ရာစခန်းအတွင်းသို့ တိတိကျ ကျဲချနိုင်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ဗုံးသီးက ၄ လုံးချခဲ့တာ။ စခန်းတည့်တည့်ကို ချနိုင်ခဲ့တယ်။ ထိခိုက်သေဆုံး ပျက်စီးမှုကတော့ စုံစမ်း လို့မရသေးဘူး။ ထိခိုက်မှုရှိလို့ ပြန်ပစ်တာ အချက်ရေတော်တော်များများ ပြန်ပစ်တယ်။ တပ်စွဲထား တဲ့အင်အားက ၅၀ ကျော်လောက်ရှိမယ်။” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK-PDF MMU) ၊ မြင်းမူ မြို့နယ် (ပ.က.ဖ) ၊ S.R.F. နှင့် Black Eagle Defence Force (M.M.U) စသည့် ညီနောင် မဟာမိတ် များမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီး ၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *