Mandalay News

0 0
Read Time:2 Minute, 31 Second

ငါန်းဇွန်မြို့နယ်၊ ငါမြာကြီးရွာအပြင်ဘက်သို့ ထွက်လာသော စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၂၈

 

မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်၊ ငါန်းမြှာကြီးရွာ အပြင်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Zero ပြောက်ကြား တပ်ဖွဲ့ ထံမှ သိရသည်။

 

အောက်တိုဘာလ ၂၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က ငါန်ဇွန်မြို့နယ်၊ ငါန်းမြှာကြီး ကျေးရွာ အပြင်ဘက်ကို အင်းအား ၃၀ ခန့်ဖြင့် ပတ်ကင်းလှည့်သည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို စနိုက် ပါ ဖြင့် မီတာ ၂၀၀ ခန့်အကွာအဝေးမှ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးကာ အလောင်းများကို ဆွဲယူ၍ ရမ်းသမ်းပစ်ခတ်ကာ ငါန်းမြာကြီးကျေးရွာအတွင်း ပြန်ဆုတ်ပြေးသွား ကြောင်း သိရသည်။

“ကျနော်တို့ ရန်သူစခန်းအနီး မီတာ၂၀၀ခန့်အကွာအဝေးလောက်ထိ ချဉ်ကပ်ပြီး ကင်ပုန်းဝပ် စောင့် ပြီး စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့တာ။ ရန်သူက ရွာရဲ့အရှေ့ဘက်ကို အင်အား ၃၀ နဲ့ စထွက်လာတယ်။ စစ် ကြောင်းထိုးဖို့ရာတော့ မဟုတ်လာက်ဘူး။ သူတို့အထိုင်ချထားတဲ့ ရွာကို ပတ်ကင်းလှည့်တဲ့ သဘော ဖြစ်မယ်။ ရန်သူကို အခုလို တိုက်ခိုက်နိုင်ဖို့ ကျနော်တို့ရဲဘော်တွေ ထမင်းအငတ်ခံပြီး ဒီ အခွင့်အရေး ကို စောင့်နေခဲ့ရတာ။ အခုတော့ ထမင်းငတ်ခံပြီး စောင့်ရကြိုးနပ်ခဲ့တယ်။ စခ ၂ ဦး အသေ ပစ်ခတ် နိုင်ခဲ့တယ်။ အလောင်းတွေကို ငါန်းမြာကြီးရွာထဲ အပြေးဆွဲသွင်းသွား တယ်။ ကျန်တဲ့ စခတွေ က တော့ ကျနော်တို့ ရဲဘော်တွေရှိနိုင်တယ် ထင်တဲ့‌ နေရာတွေကို ရမ်းသန်းပစ်တာတွေရှိတယ်။ ကျနော် တို့ ဘက်က ပြောက်ကြားစနစ်နဲ့ ရဲဘော်အနည်းငယ် သုံးပြီးတိုက်တာဆိုတော့ အထိခိုက်မရှိ ပြန် ဆုတ် လာနိုင်ခဲ့တယ်” ဟု  Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်ခြံခရိုင် တပ်ရင်း ၇ နှင့် မြင်းခြံခရိုင် တပ်ရင်း ၆ တို့ ပူပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *