တောင်ငူမြို့နယ်၊ ပဲခူးရိုးမအတွင်း၌ စစ်သားများ မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
D Day News
အောက်တိုဘာလ ၂၈
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၂ စစ်ဒေသထံမှ သိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့မှစ၍ တောင်ငူမြို့နယ်အနောက်ခြမ်း၊ ပဲခူးရိုးမအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြား ဖြတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ယင်းစစ်ကြောင်းသည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် တောင်ငူမြို့ နယ်၊ ဝက်ခေါက်စိန်ကျေးရွာအုပ်စု၊ တဲကြီးကျေးရွာသို့ ဆုတ်ခွာသွားရာ တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား ထပ်မံထိခိုက်သေဆုံးမှုရှိကြောင်း သိ ရသည်။
အဆိုပါ တိုက်ခိုက်မှုများကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ တောင်ငူ ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်း၊ PDF တပ်ရင်း ၃၅၀၁ မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် အများအပြားထိခိုက်ဒဏ်ရာရ၍ အထိ နာသွားသည့် အကြမ်းဖက်စစ်သားများသည် ဝက်ခေါက်စိန်ကျေးရွာအုပ်စု၊ တဲကြီးကျေးရွာရှိ အရပ် သား ပြည်သူ နေအိမ်များကို မီးရှို့ဖျက်စီး လျက်ရှိကြောင်း အမှတ် ၂ စစ်ဒေသက ထုတ်ပြန်ထား သည်။
D Day News