Karen State News

0 0
Read Time:2 Minute, 10 Second

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၂၈

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲ ဆက်လက်ပြင်းနေပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ လက်နက် ၂ လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက ထုတ်ပြန်သည်။

 

ယမန်နေ့ အောက်တိုဘာလ ၂၇ ရက် ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးတွင် တော်လှန်ရေး တပ်ဖွဲ့ များ စိုးမိုးထားရာ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကူတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြေင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကာ MA1 အမျိုးအစား သေနတ် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ ၏ အောင်ဇေယျစစ် ကြောင်းမှာ သေဆုံးဒဏ်ရာရရှိမှုနှင့် လက်နက်ခဲယမ်းဆုံးရှုံးမှု များပြားသဖြင့် လက်နက်ကြီးပစ်ကူ၊ လေ ယာဉ်ပစ်ကူများ ဆက်တိုက်လုပ်‌ဆောင်နေကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း ၁ ၊ ကော်ဘရာ စစ်ကြောင်း ၂ ၊ ကျားသစ်နက်စစ်ကြောင်း ၊ ရောင်နီ(တောင်ပိုင်းဒရုန်းအထူးတပ်ဖွဲ့) ၊ Golden Eagle ဒရုန်းတပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၇ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *