ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာမှ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး
D Day News
အောက်တိုဘာလ ၂၈
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၂၆ ရက် နံနက် ၆ နာရီခန့်က ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာမှ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များက အေးရွာလေး ကျေးရွာထိပ်အရောက် အသင့်စောင်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ တပ်ပျက်သွားကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ၆ Black Dragon QBK-PDF ရဲ ဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးထိခိုက်ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို စစ်ကူလာ သည့် စစ်သားများက ဖောကား ၂ စီးဖြင့်သယ်ဆောင်ကာ တပ်ဆုတ်သွားကြောင်း သိရသည်။
လက်ရှိတွင် အထိနာသော အကြမ်းဖက်စစ်သားများက ရှုံးမဲမဲကာ ရုံးချောင်းရွာမှ ပြည်သူ ၁ ဦး၊ ဥယျာဉ်ကြီးရွာမှ စိတ်ဝေဒနာခံစားနေရသူ တစ်ဦးအပါအဝင် ပြည်သူ ၃ ဦးတို့ကို ဖမ်းဆီးသတ်ဖြတ် ခဲ့ကြောင်း၊ ထို့အပြင် ကံဦးရွာမှ ပြည်သူတစ်ဦး အကြမ်းဖက်စစ်တပ်ထောင်ထားသော မိုင်းနင်းမိကာ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့သို့ ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသောကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်း ဖက်စစ်သာားများ အနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်နှင့် အကြမ်းဖက်စစ်သားများ ပြင်း ပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
D Day News