Bago News

0 0
Read Time:1 Minute, 32 Second

တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲနယ်မြေအတွင်းရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၁၇ ဦး သေဆုံး

 

D Day News

အောက်တိုဘာလ ၂၈

 

တောင်းပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲနယ်မြေအတွင်းရှိစစ်တပ်စခန်းနှင့် စစ်ကြောင်းများ ကို တိုက်ခိုက်ခဲ့ရာ ၃ ရက်တွင်း စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း တောင်းပိုင်းတိုင်းစစ်ဒေသထံမှ သိရ သည်။

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၊ ညောင်လေးပင်ခရိုင် ပဲနွယ်ကုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ တောင်ငူခရိုင် တောင်ငူမြို့နယ် တို့တွင်  အကြမ်းဖက်စစ်တပ်အထိုင်စခန်းများ နှင့်စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ဆင်ရေးများဖော်ဆောင်ခဲ့ရာ စစ်သား ၁၇ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ သေနတ် ၁ လက်ကိုလည်း ရေတာရှည်မြို့နယ် ပကဖ အဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် KNLA တပ်ရင်း ၉ ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *