ပခုက္ကူမြို့နယ်၊ တင်းဂတ်ပျူစောထီးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူ ၂ ဦး သေဆုံး
D Day News
အောက်တိုဘာလ ၂၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂတ်ရွာ ပျူစောထီးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစော ထီး ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။
အောက်တိုဘာလ ၂၇ ရက် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအချိန်အထိ ပခုက္ကူမြို့နယ်၊ တင်း ဂါတ်ရွာ ပျူစောထီးစခန်း ဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒရုန်းဖြင့် ဖျက်အားပြင်း ဗုံးသီး ၁၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ယင်းတင်းဂါတ်ရွာ ပျူစောထီးဂိတ်စခန်းသည် ခရီးသွားအများပြည်သူများအား မတရားဆက် ကြေး ကောက်ခြင်း၊ မတရားဖမ်းဆီးနှိပ်စက် အနိုင်ကျင့်ဗိုလ်ကျခြင်း တို့ လုပ်ဆောင်နေသည့် ဂိတ်စခန်း တစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ပေါက်ပကဖ ၊ Bly ပျောက်ကျားတပ်ဖွဲ့၊ PKU Thurain ၊ Black Cobra Force (ကမ္မတပ်ပါင်းစု) နှင့် DMG ဓားမင်းကြီးအဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News