ရွှေဘိုမြို့နယ်၊ သီးလုံးရွာမှ ပျူတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
D Day News
အောက်တိုဘာလ ၂၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာမှ ပျူတစ်ဦး လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်း ဝင်ခဲ့ကြောင်း Daung Mann ဒေသကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။
အောက်တိုဘာလ ၂၃ ရက် နေ့က ရွှေဘိုမြို့နယ်၊ သီးလုံးပျူရွာမှ ပျူတစ်ဦးသည် ကာဘိုင် သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကာဘိုင်ကျည် အတောင့် ၁၆၀ တို့ကို ယူဆောင်ကာ နယ်မြေခံ ပကဖ Daung Mann ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ချိတ်ဆက်ပြီး အလင်းဝင် ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်ခဲ့သူကို နယ်မြေခံ ပကဖ နှင့် ရွှေဘိုခရိုင် တပ်ရင်း ၄ တပ်ခွဲ ၃ မှ ည ၉ နာရီ အချိန်တွင် သွားရောက်၍ အန္တရာယ်ကင်းစွာဖြင့် ခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူများည် ကျေးရွာအတွင်းရှိ ပြည်သူများကို အတင်းအကြပ် ဖိအားပေးပြီး ပျူအဖြစ်စေခိုင်းနေကြောင်း၊ အလင်းဝင်ရောက်ခဲ့သူမှာလည်း ၎င်းတို့ ၏ ဖိအား ကြောင့် ဝင်ရောက်ခဲ့ရသူဖြစ်ကြောင်း သိရသည်။
D Day News