Magway News

0 0
Read Time:2 Minute, 52 Second

ဂန့်ဂေါမြို့နယ်၊ မြောက်ပိုင်း မြောက်ခင်ရန် ပျူစောထီးရွာ စစ်တပ်စခန်းမှ တောင်ခင်ရန် ကျေးရွာ အတွင်းသို့ တိုက်ပွဲမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး အပြင်းအထန် ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၂၇

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန် ပျူစောထီးကျေးရွာအတွင်းရှိ စစ်တပ်စခန်းမှ တောင်ခင်ရန်း ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

အောက်တိုဘာလ ၂၅ ရက် ညနေပိုင်းက ဂန့်ဂေါမြို့နယ် မြောက်ပိုင်း၊ မြောက်ခင်ရန်း ကျေးရွာ အ တွင်း ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တောင် ခင်ရန်း ကျေးရွာနှင့် ရွှေဘိုကျေးတို့ အတွင်းသို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ၆ လုံးပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း တောင်ခင်ရန်းကျေးရွာ အမှတ် ၁ ရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲမှု၌ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး ညာခြေထောက် လက်နက်ကြီးစ ထိမှန် ဒဏ်ရာ ရရှိကာ ဒူးအောက်ပိုင်း ဖြတ်တောက်ရမည့်အခြေအနေ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦး၌လည်း ခြေထောက်နှစ်ဖက်စလုံး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“အမျိုးသမီးတစ်ဦးကတော့ ဖြတ်တောက်ရမယ်လို့ သိရတယ်။ အမျိုးသားကတော့ မဖြတ်ရဘူး။ ဘာ တိုက်ပွဲမှ မရှိပဲနဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး ရမ်းသမ်းပစ်ခတ်နေတာပါ။ မြောက်ခင်ရမ်းရွာအပါ အဝင် ဂန့်ဂေါမြို့နယ်နဲ့ ကလေးမြို့နယ်တွေထဲက ရွာတွေပါပေါင်းရင် အဲဒီဘက်ပိုင်းမှာက ပျူရွာ ၁၁ ရွာ လောက်ရှိသေးတယ်။ တောင်ခင်ရန်းရွာမှာက အရင်က ရဲစခန်းရှိတယ်။ အဲဒီရဲစခန်းက အရင်နှစ် နိုဝင်ဘာလလောက်ကတည်းက ရဲတွေအားလုံး မြောက်ခင်ရန်းပျူရွာမှာ သွားပေါင်းနေကြတာ။ အခု ပြည်သူတွေပဲရှိတော့တယ်။” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ဂန့်ဂေါမြို့ နယ် တောင်ခင်ရန်း ကျေးရွာ ပကဖ ၊ ပအဖ အဖွဲ့ဝင်များ၊ မြို့နယ်ဆေးဝါကုသမှုပေးရေးအဖွဲ့နှင့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ အနီးစပ်ဆုံးဆေးရုံသို့ ပို့ဆောင်ကာ ကူညီစောင့်ရှောက်ပေးထား ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *