Bago News

0 0
Read Time:4 Minute, 19 Second

ဇီးကုန်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၄ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၂၀ ခန့် သေဆုံး၊ စစ်တပ်က ပြည်သူ ၁ ဦးကို ပစ်သတ်

 

D Day News

အောက်တိုဘာလ ၂၆

 

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ၄ ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း BTZM GBK PDF ထံမှ သိရသည်။

 

အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ပြီး ဇီးကုန်းမြို့နယ်၊ ဒိုးနွယ်ရွာတွင် တပ်စွဲထားပြီး အနီး အနား ကျေးရွာများကို အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးကာ စီးနင်းနေသည့်  အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အောက်တိုဘာလ ၂၄ ရက် ညနေ ၄ နာရီ မိနစ် ၅၀ အချိန်တွင် ဘော်ဘင် ချောင်းမ ကြီးကို တံတားများထိုး၍ ဖြတ်ကူးလာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူ အများအပြားသေဆုံးပြီး အများအပြား ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်း ပစ်ခတ်တိုက်ခိုက်မှု အတွင်း ထိခိုက်သေဆုံးခဲ့သော စစ်ကောင်စီ တပ်သားများကို ဇီးကုန်းမြို့ နယ် ခတ်ချိုကွင်းရွာဘက်ကို ထမ်းစင်များဖြင့် ခေါ်ဆောင်သွားကြောင်း၊ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့် ဘော်ဘင်ချောင်းမကြီး တံတားအတိုင်း စစ်ကြောင်းထိုး၍ ထပ်မံ ဝင် ရောက် လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယင်းတိုက်ပွဲအတွင်း လူအင်အား မမျှ၍ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာ ပေးလိုက်ရကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ ထို့အပြင် ရုံးချောင်းရွာအနီး နေထိုင်သည့် ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်ခဲ့ ကြောင်း သိရသည်။

 

လက်ရှိချိန်တွင် သခွတ်ပင်ရွာ၊ သခွတ်ပင်ရွာ၊ အင်တိုင်းကုန်းရွာ၊ ဆယ်တော်ဦးရွာ၊ သင်္ခရိုင်ရွာ၊ ရုံးချောင်းရွာ၊ အေးရွာလေးရွာ နှင့် ဥယာဉ်ကြီးရွာ မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ရွာထဲ၌ ကျန်ရှိခဲ့သော ပြည်သူများကိုလည်း PDF တပ်ဖွဲ့ဝင်များက ကယ်ထုတ်နေ ကြောင်း သိရသည်။

 

“စစ်ခွေး အင်အားက ၁၂၀ လောက်ရှိတယ်။ စစ်ကြောင်းထိုးလာတာက စခတွေကော ပျူတွေကော ပါတယ်။ ကျန်တော်တို့က လမ်းကြောင်း ပိတ်ဆို့တာဆီး တိုက်ခိုက်တာမှာ စခတွေ အသေများတယ်။ ပထမ ဖြစ်တဲ့ တိုက်ပွဲက ဘော်ဘင်ချောင်းမကြီးကို တံတားတွေ ထိုးပြီး ကူးဖို့ လုပ်နေတုန်း တိုက် ခိုက် ခဲ့တာ စခတွေ တော်တော်သေတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းများတယ်။ ဘော်ဘင် ချောင်းမကြီး တံတားအတိုင်း စခတွေက ထပ်တက်လာလို့ ဒုတိယ အကြိမ် တိုက်ပွဲထပ်ဖြစ်တယ်။ အဲတိုက်ပွဲမှာလည်း စခ အသေများတယ်။ စစ်ခွေးသေဆုံးမှုက ၂၀ ဦးထက်မနည်းရှိတယ်။ လူအင် အားက မမျှလို့ ကျန်တော်တို့ ပြန်ဆုတ်ပေးလိုက်ရတာ တိုက်ပွဲတွေက အခုထိ ဖြစ်နေတုန်းပဲ ရုံး ချောင်းရွာက ပြည်သူ ၄ ဦးကိုလည်း စစ်ခွေးတွေက လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွား တယ်” ဟု BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို BTZM GBK PDF နှင့် ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *