Sagaing News

0 0
Read Time:1 Minute, 51 Second

ပုလဲမြို့မရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၂၆

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲမြို့မရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အ ကြမ်း ဖက်စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်မတော်ထံမှ သိရသည်။

 

အောက်တိုဘာလ ၂၄ ရက် န့နက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က ပုလဲမြို့မရဲစခန်းအတွင်းရှိအကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီး အဆိုင်း ၅ ဆိုင်းခွဲ၍ အလုံး ၂၀ ခန့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ရဲစခန်းအတွင်းမှ အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မနက် ၅ နာရီခွဲလောက်ကနေစပစ်တာ၊ ၈ နာရီလောက်မှ ပစ်ပြီးတယ်။ စစ်ခွေးတွေဘက်က လည်း ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး။ စခ ၇ ဦးသေပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရတယ်လို့ ဖရဲသီးသတင်းပေးပို့ချက်အရ သိရပါတယ်။ ဒဏ်ရာအပြင်းအ ထန်ရတဲ့ ၃ ဦးကိုတော့ ဆေးရုံတင်ထားတယ်လို့ ပြောပါတယ်” ဟု ကျားသစ်နက်တပ်တော်မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း -၁၁ ၊ ကျားသစ်နက်တပ်မတော်မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *