လားရှိုးနှင့်သိန္နီမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အအုံများ ပျက်စီး
D Day News
အောက်တိုဘာလ ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်နှင့် သိန္နီမြို့နယ်အတွင်းရှိ ပြည်သူလူထုနေထိုင်ရာ ကျေးရွာ များကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း လားရှိုးမြို့နယ် ပြန်လည်ထူထောင်ရေးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် ည ၈ နာရီ ၅ မိနစ်တွင် လားရှိုးမြို့၊ အမှတ် ၁၂ ရပ်ကွက်၊ အောင်သစ္စာ ရင်ကျားကျေးရွာပေါ်သို့ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး တစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အအုံတစ်ခု ပြိုကျပျက်စီး ခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၂၅ ရက် ည ၇ နာရီ ၅၅ မိနစ်အချိန်တွင်လည်း သိန္နီမြို့နယ်၊ ကောင်း ဟော်ကချင်ရွာအုပ်စုအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ပေါက်ကွဲအားပြင်းထန်သော ဗုံး ၂ လုံးအပါအဝင် စုစုပေါင်း ၄ လုံးကြဲချခဲ့ရာ အပြင်းအထန် ဒဏ်ရာရရှိသူ ၄ ဦးအပါအဝင် စုစုပေါင်း ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးကို လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ကာ အရေးပေါ် ကုသမှုပေးနေကြောင်း သိရသည်။
ထို့အပြင် နေအိမ်များ၊ လမ်းများလည်း ပျက်စီးခဲ့ပြီး ပြည်သူများ စိုးရိမ်ထိန်လန့်ကြောက်ရွံ့ကာ တိမ်း ရှောင်နေရသူများလည်းရှိကြောင်း သိရသည်။
လားရှို့မြို့သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု အကြိမ်ရေ ၃၀ ထက်မနည်းရှိခဲ့ပြီး ထိခိုက်သေဆုံးသူဦးရေမှာလည်း မြင့်တက်လာလျက် ရှိကြောင်း၊ ယခုကဲ့သို့ လေကြောင်းဖြင့် တိုက်ခိုက်နေမှုသည် အကြမ်းဖက်စစ်ကောင်စီ၏ တရားနည်း လမ်းကျမှုရှိပဲ အကြမ်းဖက်လုပ်ရပ်သာဖြစ်ကြောင်း လားရှို့မြို့ပြန်လည်ထူထောင်ရေးအဖွဲ့က ပြောဆို ထားသည်။
D Day News