ရေစကြို၊ မင်းရွာကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားများ တပ်စွဲထားသော နေအိမ် ၁ လုံး မီးလောင်ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ
D Day News
အောက်တိုဘာလ ၂၆
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သားများ တပ်စွဲထားသော နေအိမ် ၁ လုံး မီးလောင်ပြီး စစ်ကောင်စီ တပ် သားများ ထိခိုက်မှုရှိကြောင်း ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရေစကြိုမြိုနယ်၊ မင်းရွာကျေးရွာတွင် အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၄ စီးဖြင့် ဗုံးသီး ၁၅ လုံး ကျဲချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေအိမ် ၁ လုံး မီးလောင်ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“အဲတိုက်ခိုက်မှုမှာ စစ်ခွေးတွေ တပ်စွဲထားတဲ့ နေအိမ် ပေါ်ကို ကျပြီးတော့ မီးခိုးလုံးထွက်လာတာမြင် လိုက်ရတယ်။ စစ်ခွေးတွေ အော်ပြီး ပြေးနေတဲ့ အသံတွေလည်း ကြားရတယ်။ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ကျန်တော်တို့ဆီမှာ စောင့်ကြည့် ဒရုန်းမရှိတဲ့ အတွက် အနီးကပ် မတွေ့လိုက် ရဘူး။ ကျန်တော်တို့ အဓိက လိုအပ်နေတဲ့ စောင့်ကြည့် ဒရုန်း ၁ စီးကို ပြည်သူတွေအနေနဲ့ လှူဒါန်း ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ရဲဘော်ညီနောင်ပြောက်ကျားတပ် တပ်ခွဲမှူး ကိုကျော် က ပြောဆို သည်။
အဆိုပါ တိုက်ခိုက်မှုကို ရဲဘော်ညီနောင် ပြောက်ကျားတပ် ၊ BlackTiger -Myingyan ၊ ဧရာဝတီမင်း သားပြောက်ကျားတပ်ဖွဲ(မြင်းခြံ) နှင့် NY Local PDFတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
D Day News