International News

0 0
Read Time:3 Minute, 18 Second

ကုလသမဂ္ဂက စစ်ကောင်စီထံ လက်နက်စီးဆင်းမှုပိတ်ပင်ထားသော်လည်း အဖွဲ့ဝင်နိုင်ငံအချို့က မြန်မာ ပြည်သူများ၏ ဒုက္ခကို မျက်ကွယ်ပြု၍ စစ်တပ်ထံသို့ လက်နက်တင်ပို့နေကြောင်း ကုလ မဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆို

 

D Day News

အောက်တိုဘာလ ၂၅

 

ကုလသမဂ္ဂက စစ်ကောင်စီထံ လက်နက်စီးဆင်းမှုပိတ်ပင်ထားသော်လည်း အဖွဲ့ဝင်နိုင်ငံ အချို့က မြန်မာ ပြည်သူများ၏ ဒုက္ခကို မျက်ကွယ်ပြု၍ စစ်တပ်ထံသို့ လက်နက်တင်ပို့နေကြောင်း ကုလ မဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောဆိုသည်။

 

အောက်တိုဘာလ ၂၄ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရုံးတွင် ကျင်းပပြုလုပ်သည့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက် နက်ဖျက်သိမ်းရေးနှင့် နိုင်ငံ တကာလုံခြုံရေးကော်မတီ) ၏ ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှ “သမားရိုးကျလက်နက်များ” ခေါင်းစဉ် ဖြင့် ဆွေးနွေးမှုအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီထံသို့ လက်နက် စီးဆင်းမှုပိတ်ပင်ခဲ့သည့် နိုင်ငံများအား မြန်မာပြည်သူများ အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ ယင်းမှာ လုံလောက်မှု မရှိဘဲ၊ အချို့သောအဖွဲ့ဝင်နိုင်ငံများက မြန်မာပြည်သူ များ ခံစားနေရသော ဒုက္ခကို မျက်ကွယ်ပြု၍ စစ်တပ်ထံသို့ လက်နက်တင်ပို့မှု ဆက်လက်လုပ်ဆောင် နေသည်မှာ ထင်ရှားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

ထို့ပြင် စစ်ကောင်စီသည် နိုင်ငံတကာမှ စောင့်ကြည့်နေသည့် ကြားမှ တိုက်လေယာဉ်ဆီကို ကြားခံ စီးပွားရေးလုပ်ငန်းများ ကို အသုံးပြု၍ ဝယ်ယူတင်သွင်းနိုင်နေသေးပြီး စစ်ကောင်စီထံသို့ လက်နက် များ၊ တိုက်လေယာဉ်များနှင့် လေယာဉ်ဆီတင်ပို့မှုများကြောင့် ၎င်းတို့ မှ အရပ်သားပြည်သူများ အပေါ် လူမဆန်သည့်လုပ်ရပ်များနှင့် ဆိုးရွားသော အကြမ်းဖက်မှု များ ပိုမိုပြုလုပ်နိုင်ခြင်းမှာ ထင်ရှားကြောင်း ၎င်းက ဆက်လက်ထောက်ပြထားသည်။

 

သို့ဖြစ်ရာ မြန်မာပြည်သူများ၏ အသက်များနှင့် အနာဂတ်ကိုကယ်တင်ပေးနိုင်ရန် အလို့ငှာ စစ် ကောင်စီထံသို့ လက်နက်၊ တိုက်လေယာဉ်လောင်စာဆီ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး နိုင်သည့် ပစ္စည်းများ (dual-use items) နှင့် ဆက်စပ်နည်းပညာများတင်ပို့မှုရပ်တန့်ရန် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ များနှင့် နိုင်ငံတကာ အသိုက်အဝန်း ကို ထပ်လောင်းမေတ္တာရပ်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *