လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာရှိ ရွှေမြင်းနှစ်ကောင် စက်ရုံကို အကြမ်းဖက်စစ်တပ် လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး စက်ရုံနှင့် မျိုးရိုးဘိုးဘွားခန်းမ ပျက်စီး
D Day News
အောက်တိုဘာလ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာရှိ ရွှေမြင်းနှစ်ကောင် စက်ရုံကို အကြမ်း ဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး စက်ရုံနှင့် မျိုးရိုး ဘိုးဘွား ခန်းမ ပျက်စီးခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် လားရှိုးမြို့နယ်၊ မယ်ဟန် ကျေး ရွာရှိ ရွှေမြင်းနှစ်ကောင်စက်ရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင်ချိန် များ သော ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး စက်ရုံအဆောက် အအုံအချို့နှင့် စက်ရုံအနီးရှိ မျိုးရိုးဘိုးဘွားခန်းမတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီက ယခုကဲ့သို့လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို အ ကြောင်း မဲ့လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ နီးပါးရှိနေပြီဖြစ်ပြီး ပြည်သူများ ထိခိုက်သေဆုံးခဲ့ ရကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်နေအိမ် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံး ခဲ့ရကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်နေခြင်းမှာ စစ်ရာဇဝတ်မှုကို ရက်ရက်စက်စက်ကျူးလွန်နေခြင်းဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။
D Day News