International News

0 0
Read Time:3 Minute, 44 Second

ဘုတလင်မြို့နယ်တွင် အရပ်သားပြည်သူများကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခြံ စည်း ရိုးများတွင် ချိတ်ဆွဲထားမှုသည် အကြမ်းဖက်စစ်ကောင်စီစစ်တပ်၏ အဆိုးရွားဆုံးသားမဆန်မှု ကိုပြသခြင်းဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်အထူးအလေးထားကာ စစ်ကောင်စီကို အရေးယူပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆို

 

D Day News

အောက်တိုဘာလ ၂၅

 

ဘုတလင်မြို့နယ်တွင် အရပ်သားပြည်သူများကို သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို ခြံ စည်း ရိုးများတွင် ချိတ်ဆွဲထားမှုသည် အကြမ်းဖက်စစ်ကောင်စီစစ်တပ်၏ အဆိုးရွားဆုံးသားမဆန်မှု ကိုပြသခြင်းဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်အထူးအလေးထားကာ စစ်ကောင်စီကို အရေးယူပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုလိုက်သည်။

 

အောက်တိုဘာလ ၂၂ ရက် နှင့် ၂၃ ရက်နေ့တို့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံအစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) ၌ လူ့အခွင့် အရေး ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားများက အရပ်သားများကို အံ့အားသင့်စေသည့် ပုံစံများဖြင့်ပင် သတ်ဖြတ်လျက်ရှိပြီး အောက်တိုဘာလ ၁၉ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း၊ ဘုတလင် မြို့နယ်၌ ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ ၎င်းတို့၏ အဆိုးရွားဆုံး လူမဆန်မှုကို ထပ်လောင်းပြသခဲ့ ကြောင်း၊ သတ်ဖြတ်ခံထားရသူများအနေဖြင့် ၎င်းတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ခုတ်ထစ်ခံ ထားရပြီး ဦးခေါင်းများမှာလည်း စည်းရိုးများတွင် ချိတ်ဆွဲ ခံထားရကြောင်း၊ ယင်းဖြစ်စဉ်ကို ယခုကဲ့ သို့ ပြောကြားရသည် ပင်လျှင် ထိတ်လန့်ဖွယ် ကောင်း လွန်းပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို ထပ်လောင်း တောင်းဆိုလိုသည်မှာ စစ်ကောင်စီ ထံ စစ်လက်နက် ထောက်ပံ့ခြင်း မလုပ်ရန်၊ စစ်ကောင်စီ အား ထောက်ခံပံ့ပိုးမှု မလုပ်ရန် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းထာသးည်။

 

အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်း များနှင့် တရားဝင် တွေ့ဆုံခြင်းကဲ့သို့သော နည်းလမ်းအသစ်ဖြင့် ချဉ်းကပ်ရန်၊ အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကို ကျူးလွန် လျက်ရှိသောစစ်ကောင်စီ ကဲ့သို့သော အာဏာရှင်နှင့် ထိတွေ့ဆက်ဆံမည့် အစား ထိုသို့ ထိတွေ့ဆက်ဆံခြင်းကသာ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်း က ဆက်လက်ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *