ငါန်းဇွန်မြို့နယ်၊ သားကျင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၅ ဦးဒဏ်ရာရရှိပြီး နေအိမ် ၃ လုံးပျက်စီး
D Day News
အောက်တိုဘာလ ၂၅
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိ ပဲ လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။
ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက် ၁၁ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ သားကျင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တံတားဦးမြို့မှ တက်လာသည့် ဂျက်ဖိုက်တာ တစ်စီးဖြင့် ၂ ကြိမ် ဗုံးကျဲ ချပြီး နောက် စက်လက်ဖြင့် လှည့်ပတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၄၇ နှစ်အရွယ် ဦးမောင်ဝင်း၊ အ သက် ၄၇ နှစ်အရွယ် ဦးမြလွင်၊ အသက် ၄၅ နှစ် အရွယ် ဒေါ်ကေသွယ်မော်၊ အသက် ၄၅ နှစ် အရွယ် ဒေါ်သွယ်သွယ်အေး နှင့် မစန္ဒာဝင်း တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးလည်း ထိခိုက် ပျက်စီးခဲ့ ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှ မရှိဘူး။ တံတားဦးကနေတက်လာတဲ့ လေယာဉ်နဲ့ ၃ ချိန်ပစ်ခတ်သွားတာ၊ ၂ ကြိမ်က ဗုံးကျဲပြီးနောက် စက်လက်နဲ့ တစ်ကြိမ်ဆွဲသွားတာ၊ ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၃ လုံး ပျက်စီးတယ်။ လူတွေကတော့ ရှောင်နေကြရတယ်။ အဲဒီရွာကလည်း တံတားဦးနဲ့နီးတော့ ပြန် တက်လာမှာကို ကြောက်နေကြတော့တာ။ ပြည်သူတွေကို တမင်သက်သက် တိုက်ခိုက်နေတာပါ။” ဟု ဒေသ သတင်းရင်းမြစ်က ပြောကြားသည်။
D Day News