Bago News

0 0
Read Time:2 Minute, 1 Second

ပေါင်းတည်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးအပြင်းအထန် ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၂၅

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF – ၃၆၀၁ တပ်ရင်း ထံမှ သိရသည်။

 

အောက်တိုဘာလ ၂၂ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ပေါင်းတည်မြို့နယ်အတွင်း အင်အား ၅၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုရှိ၊ မရှိ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၁ ၊ တပ်ခွဲ ၅ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ပြတ်ပြတ် သားသား အရေးယူဆောင်ရွက်နေပြီဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လမ်းပြလိုက်ခြင်း၊ သတင်းပေးခြင်း များ မပြုလုပ်ကြပါရန် အသိပေးထုတ်ပြန်ထားသည်။

Photo – ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *