ထီးလင်းမြို့တွင် ၇၉ မမ တစ်လက်အပါအဝင် လက်နက် ၃ လက်ယူဆောင်ပြီး PDF တပ်ဖွဲ့ထံ ခိုလှုံ သည့် ပျူ ၁ ဦး ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်
D Day News
အောက်တိုဘာလ ၂၄
မကွေးတိုင်း၊ ထီးလင်းမြို့ ရွှေထီးခန်းမမှ ပျူ ၁ ဦး သည် ၇၉ မမ တစ်လက်အပါအဝင် လက်နတ် ၃ လက် ယူဆောင်လာပြီး ထွက်ပြေးလာကာ ပြည်သူ့ရင်ခွင်ထံ ခိုလှုံခဲ့သဖြင့် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း Yaw National Revolution Force – Htilin က ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၉ ရက် ညပိုင်းက ထီးလင်းမြို့ ရွှေထီးခန်းမ မှ ပျူတစ်ဦးသည် G-3 အမျိုးအစား သေနတ် ၂ လက်၊ M-79 ၁ လက် ၊ G-3 ကျည်ဘောက် ၂ ဘောက်၊ 7.62 ကျည် ၃၈ တောင့် ၊ M-79 အသီး ၅ လုံး နှင့် icon-5 R ၁ လုံး တို့ ယူဆောင်ပြီး ထွက်ပြေးခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင် ရောက် ခိုလှုံခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသော ပျူစောထီးကို အမှတ် (၁) စစ်ဒေသ ၊ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ် ရင်းမှ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဂုဏ်ပြု ဆုငွေ သိန်း ၁၀၀ ကျပ် တိတိ ချီးမြှင့်ခဲ့ပြီး နေထိုင် ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများလည်း ဆက်လက် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထို့သို့ လက်နက်များယူဆောင်ပြီး ထွက်ပြေးသွားသည့် ပျူကို လိုက်ရှာရန် အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၀ ရက်နေ့တွင် အင်အား ၈၀ ခန့်ဖြင့် ထီးလင်းမြို့၊ ရွှေထီးခန်းမမှ မြို့အရှေ့အစွန် ရှိ ရုပ်သံကုန်းဘက်မှ တဆင့် အရှေ့ဘက်သို့ တန်းစီကာ လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။
D Day News