ပွင့်ဖြူမြို့နယ်၊ မဖဲဝါ ဂိတ်ကို ဗုံးခွဲတိုက်ခိုက်မှု တပ်ကြပ်ကြီးတစ်ဦးပွဲချင်းပြီးသေဆုံး
D Day News
အောက်တိုဘာလ ၂၃
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဖဲဝါ ဂိတ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ် ကြပ်ကြီး တစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းထံမှ သိရသည်။
အောက်တိုဘာလ ၂၁ ရက် နံနက် ၆ နာရီအချိန်ခန့်က ပွင့်ဖြူမြို့နယ်၊ မဲဇလီ – ရှောက်တောလမ်းပိုင်း မဲဇလီရွာနှင့် ထန်းတောရွာကြား ဒေသအခေါ် မဖဲဝါ ဂိတ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပွင့်ဖြူမြို့နယ် ဝါဇီ တပ်မှ တပ်ကြပ်ကြီးတစ်ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
Photo – ပုံဟောင်း
ယင်းအကြမ်းဖက်စစ်တပ်ဂိတ်သည် ဒေသနေပြည်သူများနှင့် ခရီးသွားပြည်သူများ အပေါ် မတရား ဆက်ကြေးကောက်နေခြင်း၊ ငွေညှစ်ခြင်း၊ စစ်ဆေးခြင်းများပြုလုပ်နေကြောင်း ဒေသနေပြည်သူများ ၏ တိုင်ကြားချက်ကြောင့် အခက်အခဲများစွာဖြစ်ပေါ်နေသည်ကို တိုင်ကြားလာသဖြင့် တိုက်ခိုက်ခဲ့ရ ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ က ပြောဆိုထားသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ် ဂိတ်များအနီးတွင်နေထိုင် ခြင်း၊ အကြမ်းဖက်တပ်သားများနှင့် နီးနီးကပ်ကပ်နေခြင်း၊ အကြမ်းဖက်စစ်တပ်၏ ထောက်တိုင် ဆောင်ရွက် လုပ်ဆောင်သူများနှင့် လုံးဝ(လုံးဝ) မပတ်သက်၊ မပြုလုပ်ပဲ ဝေးဝေးရှောင်ကျဥ် နေထိုင် ပေးခြင်းဖြင့် ကူညီပေးကြပါရန် မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းက အထူးမေတ္တာရပ်ခံ ပန်ကြားထား သည်။
D Day News