ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာမှ ဆိုင်ကယ်ဖြင့် ထွက်လာသော ပျူ ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦး စလုံးသေဆုံးပြီး MA 1 သေနတ်တစ်လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ
D Day News
အောက်တိုဘာလ ၂၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာမှ ဆိုင်ကယ်ဖြင့် ထွက်လာသော ပျူ ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားပြီး MA 1 သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယနေ့အောက်တိုဘာလ ၂၂ ရက် နံနက် ၇ နာရီ ၃၃ မိနစ်အချိန်က ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ပျူရွာ မှ တည်သီးတော ပျူရွာသို့ ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာသော စစ်သား ပေသီးနှင့် ပျူ မောင်ကြီးတို့ ကို ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေအတွင်းရှိ လမ်းခုလပ်တနေရာမှ အသင့် စောင့်ကြိုပြီး ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသော အကြမ်းဖက်စစ်သား၊ ပျူတို့ထံမှ MA 1 အမျိုးအစားသေနတ် ၁ လက်၊ ကျည် ဘောက် ၃ ခုနှင့် အီနာဂါဗုံးသီး ၄ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဆက်လက်၍ အကြမ်းဖက် စစ်သား၊ ပျူနှင့် စကစထောက်တိုင်များကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တိုက်နယ် ၂ ကပဖ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေး (PDO) အဖွဲ့ ၊ တိုက်နယ် ၃ ပကဖ တိုက်ခိုက်ရေးအဖွဲ့ (ကြီးလေးကြီး ပကဖ အဖွဲ့၊ ဓားညီနောင် ပကဖအဖွဲ့) ၊ တိုက်နယ် ၅ ပကဖ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News