Tanintharyi News

0 0
Read Time:3 Minute, 45 Second

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲတွင် စစ်တပ်က အဓမ္မစစ်သားစုဆောင်းထား သူများကို ရှေ့တန်းဒိုင်းကာအဖြစ် အသုံးပြုနေပြီး ပစ်ခတ်ခံရ၍ သေဆုံးမှုများပြားနေသော်လည်း ကြောင်တောင်တောင်ဖြင့် ရှေ့ဆက်နေလာနေဟု မြိတ်ခရိုင်ပူးပေါင်းတပ်ဖွဲ့ပြောဆို

 

D Day News

အောက်တိုဘာလ ၂၂

 

အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲတွင် စစ်တပ်က အဓမ္မစစ်သားစုဆောင်းထား သူများကို ရှေ့တန်းဒိုင်းကာအဖြစ် အသုံးပြုနေပြီး ပစ်ခတ်ခံရ၍ သေဆုံးမှုများပြားနေသော်လည်း ကြောင်တောင်တောင်ဖြင့် ရှေ့ဆက်နေလာနေဟု မြိတ်ခရိုင်တပ်ရင်း ၁ က ထုတ်ပြန်ပြောဆိုသည်။

 

မြိတ် – ပုလော – ထားဝယ် အမှတ်(၈) ပြည်ထောင်စု လမ်းမကြီးတွင် အဓမ္မစစ်သားစုဆောင်းထားသူ များကို အင်အားရာချီ လူသားဒိုင်းကာအဖြစ်အသုံးပြုကာ လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း၊ ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း ထိုးဖောက်နိုင်ခြင်းမရှိပဲ အဓမ္မစစ်သားစုဆောင်းထားသူ သေဆုံးမှု ၁၀ ချီရှိကာ အကြမ်းဖက်စစ်သားများမှာ မူးယစ်ဆေးဝါး ထိုးသွင်းခံရသည့် လက္ခဏာများဖြင့် ကြောင်ကြောင်ဖြစ်နေပြီး အကြောက်မရွံ့ရှေ့ဆက်တက်လာ နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

“စစ်ကြောင်းမှာ ပါဝင်တဲ့ စကစ တပ်သားတွေက မူးယစ်ထုံထိုင်းစေသော ဆေးအထိုးခံရတဲ့ လက္ခ ဏာ တွေ့ရှိရတယ်၊ သေနတ်တဒိုင်းဒိုင်းပစ်ခတ်နေတဲ့ ကြားကပဲ ကြောင်တောင်တောင် သွားလာ နေကြကာ အတုံးအရုန်း အသေအပျောက်ရှိကြသော်ငြား သူရူးတို့ရဲ့ လက္ခဏာအတိုင်း မည်သည့် အတွေးအမြင်မျှမရှိပဲ အသေခံလျက်ရှိကြတယ်။ အလောင်း ဂုတ်ပိုးတွေမှာ ဆေးထိုးအပ်ရာ တွေ တွေ့ရှိရခြင်းက မူးယစ်ဆေး အထိုးခံရပြီး စစ်တိုက်ခိုင်းပါတယ်ဆိုတာ မလွဲမသွေ သေချာပါ တယ်” မြိတ်ခရိုင်ပူးပေါင်းတပ်ဖွဲ့က ပြောဆိုထားသည်။

Photo – စစ်မှုထမ်းစေရန် မတရားဖမ်းဆီးသူများကို ပို့ဆောင်နေသည့် နေရာ

ထိုကြောင့် အကြမ်းဖက်စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အသုံးချကာ လူသတ်ပွဲ ကျင်းပနေ ခြင်းဖြစ်ပြီး မိဘပြည်သူညီအစ်ကိုမောင်နှမများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်း ဆီးကာ စစ်မှုထမ်းခိုင်းခံရခြင်းမှ လွတ်မြောက်ရန် ရှောင်ရှားကြစေလိုကြောင်း၊ အကယ်၍ မလွှဲ မရှောင်သာရောက်ရှိသွားပါက ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို အလွတ်ကျက်မှတ်ထားကာ အခွင့် အရေးရသည်နှင့်တပြိုင်နက် အကြမ်းဖက်စစ်ကောင်စီတပ် အမြန်ဆုံးစွန့်ခွာထွက်ပြေးကြစေလို ကြောင်း တိုက်တွန်းထားသည်။

 

အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ လချီကြာမြင့်နေပြီဖြစ်ပြီး စစ်မှုထမ်းလူငယ်များအနေဖြင့် အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်၍ အသက်ရှင်မည့် လမ်းကို ကိုယ် လွတ်ရုန်းထွက်ပြေးကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက် စစ်တပ် ယူနီဖောင်းဝတ်ထားကာ လက်နက်ကိုင်ထားသူမှန်သမျှ တိုက်ခိုက်ချေမှုန်းသွား ရမည်သာ ဖြစ် ကြောင်း ဆက်တိုက်တွန်းမေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *