International News

0 0
Read Time:7 Minute, 15 Second

နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာအကြမ်းဖက်စစ်တပ် အပေါ် အရေးမယူပဲ နေခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ပျက်ကွက်ခြင်း သာမကဘဲ ဒေသ တွင်းတည်ငြိမ်မှုနှင့် အဖွဲ့အစည်းအပေါ် အများပြည်သူ၏ ယုံကြည်လက်ခံ ခံရမှုအပေါ် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးက ပြောဆို

 

D Day News

အောက်တိုဘာလ ၂၂

 

နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာအကြမ်းဖက်စစ်တပ် အပေါ် အရေးမယူပဲ နေခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ပျက်ကွက်ခြင်း သာမကဘဲ ဒေသ တွင်းတည်ငြိမ်မှုနှင့် အဖွဲ့အစည်းအပေါ် အများပြည်သူ၏ ယုံကြည်လက်ခံ ခံရမှုအပေါ် ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုး ထွန်းက ပြောဆိုလိုက်သည်။

 

အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပသည့် ၇၉ ကြိမ် မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီတွင် အစီအစဉ်အမှတ် ၈၄ ပြည်တွင်း နှင့် နိုင်ငံတကာအဆင့်များ၌ တရားဥပဒေစိုးမိုး ရေး” (The Rule of Law at the National and International Levels)” ခေါင်းစဉ်အောက်မှ အထွေ ထွေဆွေးနွေးမှု အစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်သူများ၏ တောင်း ဆိုချက်များကို ချက်ချင်းလိုက်နာဆောင်ရွက်ပြီး နိုင်ငံတွင်း ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေး နှင့် တရားဥပဒေစိုးမိုးရေး ပြန်လည်တည်ဆောက်ရေးအတွက် ခိုင်မာ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများ ချက်ချင်းပြုလုပ်ရန် လိုအပ်ကြောင်း၊ ကုလသမဂ္ဂက ဆက်လက်၍ အရေးမယူဘဲ နေခြင်းသည် ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ယူမှု ပျက်ကွက်ခြင်း သာမကဘဲ ဒေသတွင်း တည် ငြိမ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုအနေဖြင့် ၎င်းအပေါ် အများက ယုံကြည်လက်ခံ ခံရမှု အပေါ် ခြိမ်းခြောက်မှုတစ်ရပ်လည်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်းက ပြောကြားသည်။

တရားဥပဒေစိုးမိုးသော လူမှုအဖွဲ့အစည်းတွင် သက်ဆိုင်ရာ နိုင်ငံတော်ရှိ အဖွဲ့အစည်းများသည် ပြည်သူလူထုအား တာဝန်ခံရပြီး၊ ဥပဒေများကို မျှတစွာ ကျင့်သုံးကာ လူ့အခွင့်အရေးများကို ကာ ကွယ် စောင့်ရှောက်ရကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၌ ယင်းအခြေခံမူများသည် ဆိုးဆိုးရွားရွား ချိုးဖောက်ခံနေရကြောင်း၊ စစ်အုပ်စုသည် အရပ်သား ၅,၈၀၀ ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခြင်း နှင့် လူပေါင်း ၃.၄ သန်းကျော်အား နေရပ်စွန့်ခွာစေခြင်း အပါအဝင် စစ်ရာဇဝတ်မှုများ နှင့် လူသား မျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်သည့် ဆိုးရွားလှသော လုပ်ရပ်များကို ကျူးလွန် နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားသည်။

 

စစ်တပ်သည် ယခုအခါ ဥပဒေများကို တရားမျှတမှုအတွက် အသုံးပြုမည့် အစား ဖိနှိပ်ရေးကိရိယာ အဖြစ် အသုံးပြုနေကြောင်း ထိုကဲ့သို့သော လုပ်ရပ်များအတွက် တာဝန်ခံ မှု မရှိ၊ ဥပဒေကို တရားမျှ တစွာ အသုံးချခြင်းမရှိ၊ နိုင်ငံသားတို့ရပိုင်ခွင့်ရှိမည့် အခြေခံ လူ့ အခွင့်အရေးများကိုလည်း ကာကွယ် မှုမရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေး ပြိုလဲမှုသည် တရားမျှတသော လူ့အဖွဲ့အစည်း တစ်ရပ်အတွက် မရှိမဖြစ်လိုအပ်သော ဥပဒေရေးရာ အကာအကွယ်များမဲ့စေခဲ့ကြောင်း၊ ထိုကဲ့သို့ ပြိုလဲမှုသည် မြန်မာ့ဥပဒေစံနှုန်းများကိုသာမက အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ အခြေခံမူများကိုပါ ဆန့်ကျင်နေပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

စစ်အုပ်စု၏ တရားဥပဒေစိုးမိုးရေးအား ဖျက်ဆီးမှုကြောင့် မြန်မာနိုင်ငံသည် နိုင်ငံပေါင်းစုံမှ ခေတ်သစ် ရာဇဝတ်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများအတွက် ဘေးကင်း ခိုလှုံရာနေရာများ ဖြစ်ပေါ်စေခဲ့ပြီး အွန်လိုင်း အခြေပြု ရာဇ ဝတ်မှု များဖြစ်ပွားမှုလည်း မြင့်တက်လာခဲ့ကြောင်း၊ ထိုသို့သော အခြေအနေသည် ဒေသတွင်းနှင့် နိုင်ငံ တကာအပေါ် ကြီးစွာသော ဆိုကျိုးသက်ရောက်မှုကိုလည်း ဖြစ်ပေါ်စေကြောင်း၊ ထိုကဲ့သို့သော အခြေအနေများကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်များ၌ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်း ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များကိုဖော်ဆောင်ရန် အထူးသဖြင့် ကုလသမဂ္ဂ၏ SDG-16 ရည်မှန်းချက်ကို ရရှိအောင်မြင်ရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်း အား ထုတ်မှုများအပေါ် သိသာ ထင်ရှား သော စိန်ခေါ်မှုတစ်ရပ် ဖြစ်စေပါကြောင်း ကုလသမဂ္ဂဆိုင် ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

 

တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု ပြုလုပ်ခဲ့ချိန်မှစ၍ စစ်အုပ်စု၏ လုပ်ရပ်များသည် ငြိမ်းချမ်း ပြီး အားလုံးပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းအဖြစ် မြှင့်တင်ရေး၊ ပြည်သူတိုင်းအတွက် လက်လှမ်းမှီ သည့် တရားမျှတမှုရရှိရေးနှင့် ထိရောက်ပြီး တာဝန်ခံမှုရှိသော အဖွဲ့အစည်းများအဖြစ် တည်ဆောက် ရေး စသည့် ရည်မှန်းချက်များကို စနစ်တကျ ပျက်ပြားစေခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုး ရေး ပြိုလဲမှုသည် နိုင်ငံတကာဥပဒေစနစ်၏ တည်တံ့မှုအပေါ် သိသာထင်ရှား သော စိန်ခေါ်မှု တစ်ရပ် ဖြစ်ပေါ်လာစေကြောင်း၊ ၎င်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများကို ထိန်း သိမ်းရန် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေပြီး၊ နိုင်ငံ တကာဥပဒေကို ထိန်းသိမ်း ကျင့်သုံးရာတွင် နိုင်ငံများ၏ စုပေါင်းစွမ်းဆောင်ရည်ကို အားနည်း စေသည့်အပြင် နိုင်ငံတကာ စည်း မျဉ်း အခြေပြုစနစ်၏ တည်ငြိမ်မှုနှင့် အကျိုးဖြစ်ထွန်းမှု အပေါ်တွင်လည်း ထိခိုက်မှုရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *