Magway News

0 0
Read Time:2 Minute, 50 Second

မင်းတုန်းမြို့နယ်၊ သရက် -မင်းတုန်း လမ်းပေါ်တွင် အကြမ်းဖက်စစ်သားများကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး

 

D Day News

အောက်တိုဘာလ ၂၂

 

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ သရက် -မင်းတုန်းလမ်းပေါ်ရှိ သဖန်းကိုင်းကျေးရွာအနီးတွင် အကြမ်း ဖက်စစ်သားများကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က မင်းတုန်းမြို့နယ်၊ ၅ မိုင်ဂိတ်မှ အင်အား ၂၅ ဦးခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ကျောက်ကြီးကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူပြီး သရက် -မင်းတုန်းလမ်းမပေါ်ရှိ သဖန်းကိုင်းကျေးရွာအနီး ဝင်ရောက် မိုင်းရှင်းလင်းရေး လုပ်ဆောင်စဉ် အသင့်ထောင်ထားသော မိုင်းကွင်းထဲအရောက် အဝေး ထိန်း ရှေ့ ထွက်မိုင်း ၄ လုံး၊ ကွဲမိုင်း ၃ လုံးဖြင့် တပြိုင်တည်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်များ ဒဏ်ရရှိခဲ့ကြောင်း သိရသည်။

“မနေ့က မနက်ပိုင်းက မင်းတုန်း ၅ မိုင်ဂိတ်ကနေ ထွက်လာပြီး ပုသိမ်-မုံရွာလမ်းမကြီးပေါ်မှာရှိတဲ့ ကျောက်ကြီးကျေးရွာဘက်ကို သန်းခေါင်စာရင်းဘာညာကောက်ပြီးတော့ ဒီဘက် မြေပြာတို့ တောင် ဘက် တို့ကို မဝင်ရသေးတော့ နောက်နေ့ဝင်ဖို့အတွက်နေလိမ့်မယ်။ ကျောက်ကြီးဘက်ကို ဝင်ပြီး တော့ မင်းတုန်းဘက် ကိုပြန်အလာမှာ အဲဒီနေရာကို နယ်မြေရှင်းတဲ့သဘော၊ သူတို့က ကားပေါ်က ဆင်းပြီးနယ်မြေရှင်းကြ တာပေါ့၊ နယ်မြေရှင်းတဲ့အချိန်မှာ အသင့်လုပ်ထားတဲ့ မိုင်းကွင်းထဲဝင်လာ တာနဲ့ခွဲလိုက်တာ။” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ၎င်းတို့လာရောက် ဖောကားအဖြူရောင်ဖြင့် ကပစ ၁၂ အတွင်းသို့ ည ၈ နာရီအချိန်ခန့်တွင် သယ်ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင်အမှတ် -၄ တပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *