KNLA တပ်မဟာ ၇ ဌာနချုပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ကာမီကာဇေ ဒရုန်း ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဝန်ထမ်းတစ်ဦး အနည်းငယ်ဒဏ်ရာရ
D Day News
အောက်တိုဘာလ ၂၂
ကရင်ပြည်နယ်၊ KNU/KNLA တပ်မဟာ (၇) KNLA ဌာနချုပ်ကို အကြမ်းဖက် စစ်ကောင်စီမှ ကာမီကာဇေ ဒရုန်း ၄ စီးဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဝန်ထမ်းတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၁၀ နာရီအချိန်ခန့်က KNU ဗဟိုဌာနချုပ် တပ်မဟာ (၇) ရှိ KNLA စစ်ရုံးချုပ် သေဘေ့ထာ စခန်းကို အကြမ်းဖက် စစ်ကောင်စီက အကြမ်းဖက် စစ်ကောင်စီမှ ကာမီကာဇယ် ဒရုန်း (၄) စီးဖြင့် ဗုံးကြဲချခဲ့ရာ အဆောင်အဦး အချို့အနည်းငယ်ပျက်စီးမူရှိပြီး ဝန်ထမ်း တစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြေင်း၊ ဒဏ်ရာရရှိသူမှာ စိုးရိမ်စရာမရှိကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲခံရမှုကြောင့် KNU/KNLA တပ်မဟာ (၇) နယ်မြေရှိ ပြည်သူများကို လုံခြုံရေးအရေးပေါ် အခြေအနေအဖြစ် ကြေငြာထားကြောင်း သိရသည်။
KNU/KNLA တပ်မဟာ (၇) နယ်မြေတွင် တိုက်ပွဲကြီးကြီးမားမားမဖြစ်စေရန် KNU/KNLA ခေါင်း ဆောင် များ နှင့် BGF/KNA ခေါင်းဆောင်များ အတတ်နိုင်ဆုံးထိန်းထားခဲ့သည်ဟု ဆိုသည်။
D Day News