Poem

0 0
Read Time:1 Minute, 8 Second

ကဗျာ ကဏ္ဍ “သားကောင်းမိခင်”

 

ပျိုးကြဲလက်

 

အမေ့သား

ထွားလှချည်ရဲ့

တိုက်ပွဲက အပြန်

ပြည့်အောင်လံ တဝင့်ဝင့်

ကျင့်ဝတ်အထွေထွေနဲ့

အမေချစ်တဲ့ သားလူလှ

အိမ်အပြန် ခရာသံပေးလို့

ချွေးမလောင်း ရပြီလား

စိုက်စိုက်သာ မျှော်မိတယ်လေး ။

 

သေနတ်သံ တရစပ်

တောအထပ်ထပ် မြိုင်အလယ်

ဂနိုင်ဝယ် အမေ့သား

စားဝတ်နေ အဆင်ရယ်ပြေပါစ

ပို့ရတဲ့မေတ္တာဝေ

ဗုံးအမြောက်ကျည် အထွေထွေနဲ့

သွေပါစေ ထာဝရရယ်လို့

သောက ဗရပွေနဲ့

သည်အမေ ရွှေရင်ကွဲရစေ့

တိုက်ပွဲမှာ သားမောင်နိုင်ပါမှ

ခိုင်ကျည်အောင် ပြည်ထောင်စုမှာမို့

လူထုအသည်းကျော် မေ့ရင်သွေးလို

သားတရာပင် ထပ်မွေးလိုက်ချင်ရဲ့

အရွဲ့တိုက်တယ်လို့ ဆိုချင်ဆို

မလိုသူတွေ ဝေးရာရှား

အမေအိုသားပြန်လမ်းကို

ယောင်ယမ်းကာ နေ့စဉ်မျှော်လို့

ပျော်မိတယ်လေး ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ အောက်တိုဘလ ၁၉ ရက် ည ၈ နာရီအချိန်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *