Bago News

0 0
Read Time:4 Minute, 6 Second

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး Y -12 လေ ယာဉ် တစ်စီး လုံးပျက်စီး (ရုပ်သံ)

 

D Day News

အောက်တိုဘာလ ၂၁

 

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းကို ရှေ့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး Y-12 လေယာဉ်တစ်စီး လုံးဝပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

 

အောက်တိုဘာလ ၂၀ ရက် ည ၈ နာရီ ၂၃ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ရှုံးကောင်စီ၏ တောင်ငူ မြို့ရှိ တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံး‌ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုကြောင့် ရှော့တိုက်ဒုံး ၂ လုံးအနက် တစ်လုံးသည် လေယာဉ် ဂိုဒေါင်ပေါ်သို့ လည်း ကောင်း၊ နောက်ထပ်တစ်လုံးသည် မော်တော်ယာဉ် ဂိုဒေါင်ပေါ်သို့ လည်းကောင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ရဟတ်ယာဉ် တစ်စီး ဒလက်နှင့် မှန်ကွဲကာ နောက်အမြီးပိုင်းမှာလည်း သုံးစား မရသည်အထိ ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် Y-12 လေယာဉ် တစ်စီး သုံးမရအောင် ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် လေတပ်စစ်သား အခြားအဆင့် ၄ ဦး ထိခိုက်သေဆုံးပြီး လေတပ်အရာရှိ ၂ ဦးနှင့် အခြား အဆင့် ၄ ဦး စုစုပေါင်း ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရ စစ်သားများကို လူနာတင်ယာဉ် ၃ စီးဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်း ကာ Mission 24 အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ရှုံးကောင်စီ ၏ အကြမ်းဖက်လေတပ်သည်နိုင်ငံတဝန်းတွင် လေကြောင်းစစ်ဆင်ရေးများကို အရှိန် ဟုန်မြှင့် ၍လုပ်ဆောင် နေသည့်အတွက် အပြစ်မဲ့ ပြည်သူများ နေ့နေ့ညည အသက်ဆုံးရှုံးနေရ ကာ တော်လှန်ရေးတပ်ဖွဲ့ ဝင်များသိမ်းပိုက်ထားသည့် နယ်မြေများတွင်လည်း ပြည်သူများကို မနေထိုင် စေချင် သည့် စစ်ရှုံးကောင်စီသည် ညတိုင်းလေကြောင်းဖြင့်တိုက်ခိုက်နေကြောင်း သိရသည်။

 

လတ်တလောတွင် လားရှိုး၊ မြစ်ခြေမြို့၊ ရှမ်းတောင် ကရင်နီဒေသ သာမက၊ စစ်ကိုင်းတိုင်း ၏နေရာ အတော်များများကို အကြမ်းဖက်စစ်ရှုံးကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

 

တောင်ငူလေတပ်သည် ကရင်ပြည်နယ်၊ ကရင်နီ ပြည်နယ် နှင့် ရှမ်းတောင် တို့ရှိ တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရာတွင် စစ်ရှုံးကောင်စီ အဓိက အားထားရသော လေတပ်စခန်း တစ်ခု ဖြစ်သောကြေင့် ယနေ့တောင်ငူ လေတပ် မစ်ရှင်ကို စီစဉ် အကောင်အထည်ဖော်ရခြင်းဖြစ်ကြောင်း BMW အဖွဲ့က ပြောဆိုသည်။

 

ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကိုတိုက်ခိုက်ရာတွင် ထင်ရာစိုင်းသလို ဖြစ်နေ သည့် အကြမ်းဖက် လေတပ်ကို နှိမ်နင်းရန် အထူးလိုအပ်လာပြီဖြစ်၍ တော်လှန်ရေးအင်အားစုများလည်း လေတပ်ကို နည်းမျိုး စုံဖြင့် တန်ပြန်တိုက်ခိုက်ကြရန် အထူးတိုက်တွန်းထားပြီး BWM အနေဖြင့်လည်း ဆက် လက်၍ အရှိန် အဟုန် တိုးမြှင့်ကာ လေတပ် နှင့် စစ်ရေး ပစ်မှတ်များကို ဆက်လက်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *