Magway News

0 0
Read Time:2 Minute, 27 Second

ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး သာဒွေးအောင် နေအိမ်တွင် ၂ ကြိမ်ဗုံးပေါက်ကွဲပြီး နယ်ထိန်းရဲအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရ

 

D Day News

အောက်တိုဘာလ ၂၀

 

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး သာဒွေးအောင်နေအိမ်တွင် ၂ ကြိမ် ဗုံးပေါက်ကွဲပြီး နယ်ထိန်းရဲအရာရှိတစ်ဦးအပါအဝင် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ နေ ပြည်သူများထံက သိရသည်။

 

ယနေ့အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းတည့်၁၂ နာရီ ၅၆ မိနစ်တွင် ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဒွေးအောင်နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ရာ ပွင့်ဖြူမြို့မရဲစခန်းမှ စခန်းမှူး၊ နယ် ထိန်း ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ကြီးတို့ရောက်ရှိလာပြီးနောက် ၁ နာရီ ၉ မိနစ်တွင်ထပ်မံဗုံးပေါက်ကွဲခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုသို့ နှစ်ကြိမ်ဗုံးပေါက်ကွဲမှုကြောင့် စခန်းမှူး နယ်ထိန်းအရာရှိအပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ပွင့်ဖြူမြို့အရှေ့ပိုင်း အုပ်ကြီးသာဒွေးအောင် နေအိမ် ဗုံး ၂ ကြိမ်ပေါက်တာ၊ ပထမအကြိမ်ဗုံးပေါက်ပြီး တော့ စခန်းမှူးနယ်ထိန်းထွန်းနိုင်ဝင်း၊ အုပ်ကြီးရောက်လာတဲ့အချိန် နောက်တစ်ကြိမ်ထပ်ပေါက်တာ၊ စခန်းမှူးနယ်ထိန်းရယ်၊ အုပ်ကြီးသားအငယ်ကောင်လေးရယ်၊ ထောက်ခံစာလုပ်တဲ့သူတစ်ယောက် အပါအဝင် စုစုပေါင်း ၄ ယောက် ဒဏ်ရာအပြင်းအထန်ရတယ်။ အုပ်ကြီးသာဒွေးအောင်၊ သူ့မိန်းမက တော့လွတ်သွားပါတယ်။” ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အုပ်ချုပ်ရေးမှူး သာဒွေးအောင်သည် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေကို တက်ကြွ စွာအကောင်အထည်ဖော်နေသူတစ်ဦးဖြစ်ပြီး ရပ်ကွက်အတွင်းရှိ လူငယ်၊ လူရွယ်များကို စစ်တပ် အ တွင်း မရားထည့်သွင်းစေခိုင်နေသူဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲပြီးနောက် အကြမ်းဖက်စစ်သား၊ ရဲများ က ကင်းပတ်စစ်ဆေးနေကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *