Human Right News

0 0
Read Time:3 Minute, 39 Second

ကလေးမြို့မရဲစခန်းနှင့် ဒကစစစ်သားများ ပူးပေါင်းပြီး အကျဉ်းထောင်မှ လွတ်ရက်စေ့၍ လွတ် မြောက်လာသူ နိုင်ငံရေးအကျဉ်းသားများထံမှ မတရားငွေကြေးတောင်းခံနေ၊ ငွေတောာင်းမရသူ များကို မတရားပုဒ်မ တပ်၍ ထပ်မံတရားစွဲထောင်ချ

 

D Day News

အောက်တိုဘာလ ၂၀

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အကြမ်းဖက်စစ်သား၊ ရဲများပူးပေါင်းကာ အကျဉ်းထောင်မှ လွတ်ရက် စေ့၍ ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားများထံမှ မတရားငွေကြေးတောင်းခံနေပြီး ငွေတောင်းမရသူများကို မတရားပုဒ်မများဖြင့် ထပ်မံတရားစွဲကာ ထောင်ချနေကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

 

စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှ ပြန်လည်လွတ်‌မြောက် လာသည့် နိုင်ငံရေးအကျဉ်းသား ကိုဇော်မင်းကို စစ်ကောင်စီတပ်မှ ပြန်လည်ဖမ်းဆီးခဲ့ကာ ဒကစ မှ စစ်သားများနှင့် ကလေးမြို့မရဲစခန်းမှ ရဲများပူးပေါင်းပြီး ငွေကြေးတောင်းခံခဲ့ကြောင်း၊ ငွေကြေးမပေး နိုင်သဖြင့် မတရားပုဒ်မ ၅၂ -က နှင့် ၅၀-ည တို့ဖြင့် ထပ်မံတရားစွဲဆိုကာ ဆက်လက် ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

ကိုဇော်မင်းထက်သည် ကလေးမြို့‌၊ မော်လိုက်အကျဉ်းထောင်မှ ၅၀၅ ဖြင့်ဖမ်းဆီးခံခဲ့ရပြီး ရက်ပြည့်၍ ပြန်လည်လွတ်မြောက်လာစဥ် ပြန်လည်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး လွတ်သည့်နေ့တွင်လည်း အကျဉ်း ထောင်မှတဆင့် မလွတ်ပေးခဲ့ပဲ မြို့မရဲစခန်းကို ပို့ဆောင်ကာ ဆက်လက်ချုပ်နှောင်ခဲ့ကြောင်း၊ ထို့ နောက် ကလေးမြို့ ဒကစ သို့ ပို့ဆောင်ခဲ့ကာ တစ်ပတ်ခန့် ဥပဒေမဲ့ချုပ်နှောင်ပြီးနောက် ငွေကြေး တောင်းခံ၍မရသဖြင့် မတရားပုဒ်မ ၅၂-က နှင့် ၅၀-ည တို့ဖြင့် ထပ်မံတရားစွဲဆိုကာ ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 

အလားတူ စစ်ကောင်စီတပ်သည် မော်လိုက်အကျဉ်းထောင်မှ လွတ်သည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ များကို မိသားစုဝင်များထံ ချက်ခြင်းမပို့ဆောင်ဘဲ ကလေးမြို့မရဲစခန်းနှင့် ကလေးမြို့ရှိ ဒကစမှ စစ်သားများပေါင်း၍ ငွေတောင်းခံလေ့ရှိပြီး မပေးနိုင်သူများအား အကြောင်းပြချက် အမျိုးမျိုး ဖြင့် ပြန်လည်ဖမ်းဆီးပြီး မတရားပုဒ်မများကပ်၍ အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်လျက်ရှိ ကြောင်း သိရသည်။

 

ယခုလုပ်ရပ်သည် ဥပဒေမဲ့လုပ်ရပ်ဖြစ်သည့်အပြင် ငွေကြေးမရ၍ ထပ်မံချုပ်နှောင်ခြင်းပြီး လူသား တစ်ဦး၏ လွတ်လပ်စွာသွားလာခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်များကိုပင် အကြောက်တရား များဖြင့် ဖိနှိပ်၍ လူ့အခွင့်အရေးကို ဆိုးရွားစွာ ချိုးဖောက်ခံ‌နေရခြင်းပင် ဖြစ်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောဆိုသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ မတရားပုဒ်မများဖြင့် စွပ်စွဲခံထားရပြီး ဖမ်းဆီးခံရသူ ကိုဇော်မင်းထက်အား အမြန်ဆုံး မိသားစုထံ ပို့ဆောင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်း သားများကွန်ရက် (PPNM) မှ တောင်းဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *