Magway News

0 0
Read Time:2 Minute, 48 Second

စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်း ၄ ခု ကို လက်နက်ကြီး၊ ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား

 

D Day News

အောက်တိုဘာလ ၂၀

 

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်း၊ နယ်မြေရဲစခန်းများအပါ အဝင် နေရာ ၄ ခုကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုများပြားခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်း ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် စလင်းမြို့နယ်၊ ဆင်ဖြူ ကျွန်းမြို့၊ ဆုတ်လေဦးလမ်းခွဲအနီးရှိ အကြမ်းဖက်စစ်တပ် အထိုင်ကင်းစခန်းကို ဒရုန်းဖြင့် ဗုံးသီး အကြီး ၂ လုံး၊ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေရဲစခန်းကိုနှင့် အကြမ်းဖက်စစ်တပ် အထိုင်ချနေရာများကို တာဝေးပစ်ရော့ကတ်လက်နက်ကြီးများဖြင့် ၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ လုံးမှာ ပစ်မှတ်နေရာများကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စလင်းမြို့နယ်၊ ကံပြားဘက်ရှိ သစ်ခေါက်တောင် ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ် ကင်းစခန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဆုတ်လေဦးကင်းစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးသီးအကြီးများ ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှုအများအပြားရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း နှင့်အတူ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ စလင်း ပကဖ၊ မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုံးအဖွဲ့၊ ဒေါင်းညီနောင် ပျောက်ကြားအဖွဲ့တို့ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

 

စလင်းမြို့နေ ပြည်သူများအနေဖြင့် စစ်ရေးအရှိန်မြှင့် ဖော်ဆောင်နေသော ကာလဖြစ်သောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် နီးစပ်သည့်နေရာများတွင် သွားလာနေထိုင် လုပ်ငန်း ဆောင်ရွက်ခြင်း မပြုလုပ်ကြပါရန် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *