Read Time:53 Second
ကဗျာကဏ္ဍ “’မ’ ဇာနည် မြန်ပြည်ဖွား”
ပျိုးကြဲလက်
နှမငယ် လိုက်ခဲ့ကွယ့်
ကံဆိုက်တဲ့ ချိန်ခါ
စခန်းသာမှာ
လေ့ကျင့်ရာဖော်တသင်းရယ်က
ချစ်ခွန်းတီတာတာနဲ့
ပြည့်ရန်စွယ် ကာကွယ်ကြမယ်လေး ။
ကျရာဝန်ကိုယ်စီထမ်းလို့
ကြမ်းပါစလောကဓံ
သူပုန်ရန် သည်တခါဝေးရင်ဖြင့်
ဖက်ဒရယ်အရေးက သာမယောင်
တို့လူ့ဘောင် ညီနောင်ထုနဲ့
တည်ထောင်ပြုတဲ့ နိုင်ငံတော်
အခွင့်ပေါ်ချိန် သမိုင်းရေးဖို့
သွေးနဲ့ချွေးနဲ့ အရင်းတည်
‘မ’ဇာနည်ထဘီလွှားကာပ
ကမ္ဘာတခွင်မြန်ပြည်ဖွားရယ်လို့
ကြွားကြစို့လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် ညနေ ၆ နာရီ ၅၂ မိနစ်
D Day News