Magway News

0 0
Read Time:1 Minute, 57 Second

မြိုင်မြို့နယ်ရှိ ပျူစောထီးစခန်းကို ရိက္ခာပို့ပေးရန် ချောဆွဲခံရသည့် ပြည်သူပိုင်ကား ၂ စီးကို ဖမ်းမိ

 

D Day News

အောက်တိုဘာလ ၁၉

 

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးစခန်းကို ရိက္ခာပို့ပေးရန် ချောဆွဲခံရသည့် ပြည်သူပိုင် ကား ၂ စီးကို ဖမ်းမိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံထံမှ သိရ သည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးစခန်းများသို့ ရိက္ခာ ပို့ပေး ရန် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ ချောဆွဲခံရသည့် Light Truck ကား ၂ စီးကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကြားဖြတ် ဖမ်းဆီးခဲ့ရာ ဆန်အိတ် အလုံး ၅၀ လုံး ၊ ဆား 50 kg တစ်အိတ်တို့ကို ပို့ဆောင်သည့် ကားသမား များ နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သရက်ကွ ပျူရွာကို ပို့မယ်လို့ သိရတယ်။ ဖမ်းမိတဲ့သူတွေက ပြည်သူတွေဆိုတော့ အရေးယူဖို့မရှိပါ ဘူး။ လိုအပ်တာမေးမြန်းပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမယ့် စကစ ရိက္ခာဝွေကိုတော့ သိမ်း ဆည်းလိုက်ပါတယ်” ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနောက်ပိုင်းဇုံမှ တာဝန်ရှိသူ တစ် ဦးက ပြောကြားသည်။

 

အဆိုပါ ဖမ်းဆီးမှုကို မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစုများမှ ပူးပေါင်း လုပ်ဆောင်ခဲ့ ခြင်း ဖြစ်ကြောင်း၊ ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ အတွင်း၌ ပြည်သူပိုင်ကားများကို ချောဆွဲ၍ ပျူစောထီးစခန်းကို ရိက္ခာများပို့ရန် ဖမ်းဆီးခံထားသည့် ကားများရှိသေးကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *