International News

0 0
Read Time:5 Minute, 39 Second

အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ တဆင့် လွှဲအပ်တင်သွင်းရန် အပါအဝင် အချက် ၃ ချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆို

 

D Day News

အောက်တိုဘာလ ၁၉

 

အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ တဆင့် လွှဲအပ်တင်သွင်းရန် အပါအဝင် အချက် ၃ ချက်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

 

အောက်တိုဘာလ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရုံး၌ ကျင်း ပ ပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ အစည်းအဝေး အစီအစဉ်အမှတ် ၈၅ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူ၏ နယ်ပယ်နှင့် အသုံးချမှု ” (The scope and application of the principle of universal jurisdiction)” ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှုတွင် ၎င်းက ထည့်သွင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

 

(၁) အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) သို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ တဆင့် လွှဲအပ်တင်သွင်းရန်

 

(၂) အကြမ်းဖက်စစ်ကောင်စီအပေါ် ကမ္ဘာလုံးဆိုင်ရာအဆင့် လက်နက်တင်ပို့ ရောင်း ချမှုနှင့် တိုက်လေယာဉ်ဆီ ထောက်ပံ့မှုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်၊

 

(၃) အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်များ၏ ရာဇဝတ်မှုများကို တရားစွဲဆိုရန်အတွက် ဆောင်ရွက် နိုင်သော သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်တွင်းဥပဒေမူဘောင်များ အတွင်း ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင် ခွင့်ကို ကျင့်သုံးကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန်

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုက် အဝန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ်သံ အမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တောင်းဆိုမှု အဆင့်များသည် လွန်စွာ အရေးပါပြီး မြန်မာပြည်သူများ အနေဖြင့် စစ်အာဏာ ရှင် အဖွဲ့လူတစ်စု၏ ရာဇဝတ်မှုများကို ကာလရှည်ကြာ ခံစားခဲ့ရပြီး ပြည်တွင်းတရားစီရင် ရေးစနစ် အနေဖြင့်လည်း ရာဇဝတ်မှုကျူးလွန်သူများအား အပြစ်ဒဏ်ခံယူ စေရန် ပျက်ကွက်လျက်ရှိနေခြင်း ကြောင့် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စဉ်ဆက်မပြတ် ပေါ်ပေါက် လျက်ရှိသည့် အပြစ်ပေးအရေးယူနိုင်မှု ကင်းမဲ့နေခြင်းသည် လက်ရှိနိုင်ငံတကာ ဥပဒေမူဘောင်တွင် အရေးကြီးသော လစ်ဟာမှုများ ရှိနေ သည် ကို ညွှန်ပြနေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စိုးရိမ်ဖွယ်ရာ အခြေအနေများကို ထည့်သွင်းသုံးသပ်ရာ တွင် နိုင်ငံတွင်း ကျူးလွန်နေသည့် ကြီးလေးသော နိုင်ငံတကာ ရာဇဝတ်မှုများကို တရားစွဲဆိုရန် အတွက် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာတရားစီရင်ရေးစနစ်နှင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူတို့အပေါ် မှီခိုအားထားရန် လိုအပ်နေသည်ကို တွေ့ရှိရပြီး ဤနည်းလမ်းသည် တရားမျှတမှု ဖော်ဆောင်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

 

မြန်မာပြည်သူများအပေါ် စစ်တပ်၏ ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများ ကို ရပ်တန့် ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်မှုသည် ယခုအချိန်အထိတိုင် လုံလောက်မှု မရှိသေး ပဲ ဤသို့သော အရေးကြီးကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံ တကာ အသိုက်အဝန်းအား အရေးတကြီး ဆောင်ရွက်ရန် တောင်းဆိုပါကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

အကြမ်းဖက် စစ်တပ်သည်ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ဆက်လက်ကျူး လွန်လျက်ရှိသည်ကို ထင်ရှားစွာ တွေ့ရှိနိုင်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေ၏ လက်ရှိကွာဟချက်များ ကို ဖြည့်ဆည်း၍ မြန်မာနိုင်ငံအပါအဝင် အခြားသော ကမ္ဘာ့နေရာဒေသများ၌ ကြီးလေးသော နိုင်ငံ တကာရာဇဝတ်မှု ကျူးလွန်သူများအတွက် ခိုအောင်းရန်နေရာ မရှိစေမည့် ခိုင်မာသော နိုင်ငံတကာ စနစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် အရေးကြီးသည့် အချိန်အခါသို့ ‌ရောက်ရှိနေပြီ ဖြစ်ပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *