Tanintharyi News

0 0
Read Time:2 Minute, 7 Second

တနင်္သာရီမြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၄ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၁၉

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း Dragon Squad – TNI  အဖွဲ့ ထံမှ သိရသည်။

 

အောက်တိုဘာလ ၈ ရက်နေ့မှ စတင်၍ တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် တပ်စွဲထားပြီး ပြည်သူ့နေအိမ်များပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲနေသော အကြမ်းဖက် စစ်သားများကို Dragon Squad – TNI အဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ဗိုလ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အောက်တိုဘာ ၈ ရက်နေ့မှာ ရန်သူ ဒရုန်းအဖွဲ့ ရဲ့ နေရာတိတိကျကျသိရတော့ သူတို့ရှိတဲ့ နေရာကို ချတော့ အိမ်ပေါ်တည့်တည့်ကျပြီး ဗိုလ်အဆင့် ၁ ဦး နဲ့ တခြားအဆင့် ၁ ဦးသေတယ်။ ထိခိုက်ဒဏ်ရာ ရတာတွေလည်းရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ နောက်တစ်ကြိမ် အဲနေရာပဲ ထပ်တိုက်တယ်။ စခ တွေက အိမ်ထဲမှာ မနေရဲတော့လို့ တံတားအောက် ဝင်ပြေးတယ်။ အဲ့ဒီမှာ သူတို့ဝင်ပြေးတဲ့ တံတားရဲ့ ကပ်လျက်ကို ၈၁ မမ ဗုံးသီး ၁ လုံး ကြဲချလိုက်တာ ၂ ဦးပွဲချင်းပြီး သေပြီး ၅ ဦးလည်း ဆေးရုံချက်ချင်း ပို့ လိုက်ရပါတယ်။ အဲ့ဒီ ၅ ဦးလည်း သေဖို့ အလားအလာပိုများပါတယ်။ စခတွေ ဘယ်နေရာမှာပဲ ရှိ နေ ရှိနေ လုံခြုံမှုမရှိပါဘူး။ ကျွန်တော်တို့ကို ဒီထက်မက ပိုပြီး ထောက်ပံ့နိုင်ရင် ပိုပြီး လုပ်ဆောင်နိုင် ပါသေးတယ်။ ” ဟု Dragon Squad – TNI အဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *