Karen State News

0 0
Read Time:2 Minute, 0 Second

ဖာပွန်ခရိုင်အတွင်း၌ အောက်တိုဘာလဝက်အတွင်း တိုက်ပွဲ ၄၇ ကြိမ်ဖြစ်ပြီး စစ်သား ၁၁ ဦး သေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၁၉

 

ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်)ခရိုင် အတွင်း၌ အောက်တိုဘာလဝက် အတွင်း တိုက်ပွဲ ၄၇ ကြိမ် ဖြစ်ပြီး စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း မူတြော်ခရိုင်က သတင်းထုတ်ပြန်သည်။

 

အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဖာပွန်(မူတြော်)ခရိုင်အတွင်း၌ KNU-ကရင်အမျိုး သား အစည်းအရုံး၊ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့ များ နှင့် အကြမ်းဖက်စစ်ရှုံးကောင်စီအကြား တိုက်ပွဲပေါင်း ၄၇ ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ရှုံး ကောင်စီဖက်မှ ၁၁ ဦး သေဆုံးသွားကာ ၉ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်တန်းလျားအဆောက်အဦးတစ်လုံးနှင့် စစ်မော်တော်ယာဥ် တစ်စီးပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ရှုံးကောင်စီဖက်မှ ဝေဟင်တိုက်ခိုက်မှုကိုသာ အားကိုးအသုံးပြုနေခဲ့ ပြီး လေယာဥ်ဖြင့် ဗုံးဆံ ၅၁ လုံး တိတိကြဲချခဲ့ကြောင်း သိရသည်။

 

အလားတူ အပြစ်မဲ့ပြည်သူများနေထိုင်ရာကျေးရွာနှင့် လယ်ယာခြံမြေများအတွင်းသို့ လက်နက်ကြီး ကျည် ၅ လုံးတိတိ ပစ်ချခဲ့ရာ အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးသွားကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ ကြောင်း၊ ပြည်သူပိုင် အိုးအိမ်၊ လယ်ယာကိုင်းကွက်နှင့် ကောက်ပဲသီးနှံအမြောက်အများလည်း ထိ ခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *