Shan State News

0 0
Read Time:2 Minute, 2 Second

နမ့်ဖတ်ကာမြို့နယ်၊ ပန်ခါးကျေးရွာတွင် ၆၀ မမ လက်နက်ကြီး တစ်လုံး ဖြုတ်ကြည့်ရာက ပေါက်ကွဲ မှုဖြစ်ပြီး အမျိုးသား ၂ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၁၈

 

ရှမ်းပြည်နယ်၊ နမ့်ဖတ်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု ၊ ပန်ခါးကျေးရွာတွင် ၆၀ မမ လက်နက်ကြီး တစ် လုံးကို ဖြုတ်ကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနထံက သိရသည်။

 

အောက်တို ဘာလ ၁၅ ရက် နံနက် ၁၀ နာရီခန့်က တအာင်းပြည်၊ တပ်မဟာ (၁) နယ်မြေ မန်အောင် ခရိုင်၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာ၌ တိုက်ပွဲအတွင်း ပေါက်ကွဲခြင်းမရှိပဲ ကျန်ရှိ နေသည့် ၆၀ မမ အမျိုးအစား လက်နက်ကြီးတစ်လုံးအတွင်းရှိ ယမ်းမှုန့်များ ထုတ်ရန် ဖြုတ်ကြည့်ရာ က ပေါက်ကွက်မှုဖြစ်ပွားကာ အမျိုးသား နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူများမှာ ပန်ခါးကျေးရွာတွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် ခွန်ဂျာချောင်နှင့် ခိုမုန်း ကျေးရွာတွင် နေထိုင်သည့် အသက် ၆၀ အရွယ် ဦးညီထွမ်းတို့ဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ PSLF/ TNLA မန်အောင်ခရိုင် နမ့်ဖက်ကာရဲတပ်ဖွဲ့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

 

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က နမ့်ဖတ်ကာတွင် အမျိုးသားတစ်ဦးသည် မပေါက်ကွဲ သေးသည့် လက်နက်ကြီးတစ်လုံးကို ယူဆော့မိရာမှ ပေါက်ကွဲပြီး သေဆုံးသွားခဲ့သည့်အပြင် မေလ ၁၃ ရက်နေ့ ကလည်း မပေါက်ကွဲသေးသည့် မိုင်းကို ယူဆော့မိရာက ပေါက်ကွဲကာ ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံး၍ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *