Tanintharyi News

0 0
Read Time:3 Minute, 14 Second

လောင်းလုံးမြို့နယ်၊ ငုံးတောင်နှင့်ရင်းဘုတ်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးကျော် သေဆုံးပြီး စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၁၈

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ငုံးတောင်နှင့်ရင်းဘုတ်ကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးကာ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်က လောင်းလုံးမြို့နယ် အောက်ဘက် ညင်း မော်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ရင်းဘုတ်ကျေးရွာများဘက်သို့ အင်အားအများအပြားဖြင့် စစ် ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရင်းဘုတ် ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးကျော်သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် အောက်တိုဘာလ ၁၆ ရက် နေ့ကလည်း ငုံတောင်တွင်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ် သားအများအပြားသေဆုံးပြီး လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်က လူလတ်ပိုင်း အမျိုးသားပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အပြင် စစ် တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် လေဖြတ်နေသည့် အမျိုး သမီးတစ်ဦးလည်း နှလုံးရပ်သေဆုံးခဲ့ကြောင်း၊ ထို့အပြင် စစ်ဘေးရှောင်ရင်း ထွက်ပြေးရာက အမျိုး သမီးတစ်ဦး ရေမြောင်းထဲ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

“ကဒက်ငယ်ထိန်ရွာက အသက် ၃၀ ဝန်းကျင်အရွယ် လူလတ်ပိုင်း ၁ ဦး ပစ်ခတ်သတ်ဖြတ်ခံရတယ်။ လေဖြတ်ပြီး အိပ်ယာထဲလဲနေတဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးသံကြောင့် နှလုံးရပ် သေတယ်၊ အမျိုးသမီးတစ်ဦးလည်း ပြေးရင်းလွှားရင်း မြောင်းထဲကျပြီး သေတယ်။ ဒါက ရေဖြူကျေးရွာ ငုံး‌ တောင်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှုပါ။ ဖမ်းဆီးခံထားရတဲ့ အရပ်သား ပြည်သူ ၁၀၀ ကျော်မှာ ၅၀ ကျော်လောက်တော့ ပြန်လွှတ်ပေးပြီးပြီ။ ၅၀ ကျော်လောက်တော့ လူ သား ဒိုင်းကာအဖြစ် ဆက်လက် အသုံးပြုနေဆဲပါ” ဟု မြေပြင်ရှိ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ပွဲ ဖြစ်ပွားနေမှုကြောင့် လောင်းလုံးမြို့နယ်အောက်ဘက်ကျေးရွာများဖြစ်သည့် ညင်းမော်၊ ဂေါ့အင်း၊ အောက်ရေဖြူ၊ ရင်းဘုတ်စသည့် ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသနေပြည်သူ ထောင်ချီ ထွက် ပြေးတိမ်းရှောင်နေရကြောင်း၊ လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *