Sagaing News

0 0
Read Time:2 Minute, 18 Second

မြင်းမူရဲစခန်းနှင့် အထက ၁ ကျောင်းဝန်းထဲ၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်

 

D Day News

အောက်တိုဘာလ ၁၇

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် အထက ၁ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F ထံမှ သိရ သည်။

 

ယနေ့ အောက်တိုဘာလ ၁၇ နံနက်အစောပိုင်း ၁ နာရီခန့်ကမြင်းမူမြို့မရဲစခန်းနှင့်အထက ၁ကျောင်း ဝန်းထဲ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်ဆီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီး  အ ကြမ်းဖက်စစ်သားများမှာ အပြင်ဘက်သို့ ထွက်မလာရဲဘဲ ကတုတ်ကျင်းထဲမှ နေ၍ ၄၀ မမ၊ ၆၀ မမ၊ RPG (R12) ၊ MA (2) စက်လက်များဖြင့် ပြင်းပြင်းထန်ထန် ရမ်းသမ်းပစ်ခတ်ကာ ခုခံနေခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် နံနက် ၁၁ နာရီခန့်တွင် ကား ၈ စီးဖြင့် အကြမ်းဖက်စစ်သားအင်အား  အများအပြား ထပ်ဖြည့်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်ရခြင်းသည် မြင်းမူမြို့နေပြည်သူများအပေါ် ရက်စက်ယုတ်မာလျက်ရှိသော မည်သူ မဆိုချေမှုန်းမည်ဟု ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Moe Nyo Revolution Force MNRF ကပြောဆိုထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Moe Nyo Revolution Force MNRF ၊ Dog Killers People’s Defence Force Myinmu (DKPDF-MMU) နှင့် စစ်ကိုင်းမြို့နယ်တိုက်ခိုက်ရေးတပ်ခွဲ – ၂ မဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *