PDF News

0 0
Read Time:3 Minute, 4 Second

“ရန်သူ စစ်အာဏာရှင် မင်းအောင်လှိုင်တို့က သူတို့ အလုပ် သူတို့ စလုပ်နေပြီ၊ ကျနော်တို့လဲ ကျနော် တို့ အလုပ် ဆက်လုပ်ရမယ်။ ၂၀၂၅ မှာ အဆုံးအဖြတ်တခုခု ပေးရလိမ့်မယ်” ဟု စစ်ဒေသ ၃ ၊ ဗျူဟာ ၃၃ ၏ ဗျူဟာမှုး စောဒါးကို ပြောဆို

 

D Day News

အောက်တိုဘာလ ၁၇

 

 

အကြမ်းဖက်စစ်အာရှင် မင်းအောင်လှိုင်က သူတို့အလုပ် သူတို့ စလုပ်နေပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ အနေဖြင့်လည်း လုပ်စရာရှိသည်များကို ဆက်လက်လုပ်ရမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်သည် အဆုံးအဖြတ်တစ်ခုခုပေးရလိမ့်မည်ဖြစ်ကြောင်း အမှတ် ၃ စစ်ဒေသ၊ ဗျူဟာ ၃၃ ၏ ဗျူဟာမှူး စောဒါးကို ပြောကြားသည်။

 

အောက်တိုဘာလ ၁၆ ရက်နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့သော ဒေါနတပ်ရင်း၏ ၂/၂၀၂၄ စနိုက်ပါသင်တန်း ဆင်းပွဲတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်သူ စစ်အာဏာရှင် မင်းအောင်လှိုင်တို့ က သူတို့ အလုပ် သူတို့ စလုပ်နေပြီ၊ ကျနော်တို့လည်း ကျ နော်တို့ အလုပ် ဆက်လုပ်ရမယ်။ ၂၀၂၅ မှာ အဆုံးအဖြတ်တခုခု ပေးရလိမ့်မယ်" ဟု စစ်ဒေသ ၃ ဗျူ ဟာ ၃၃ ၏ ဗျူဟာမှုး စောဒါးကို က မိန့် ခွန်းပြောကြားရာတွင် ပြောကြားခဲ့သည်။

 

အဆိုပါ ဒေါနတပ်ရင်းမှ ပြုလုပ်သည့် (၁) လတာ စနိုက်ပါသင်တန်းသို့ မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ရဲဘော် ၃ ဦး တက်ရောက်ပြီး ကျန်သည့် ဒေါနတပ်ရင်းနှင့် မဟာမိတ် တပ်ဖွဲ့တို့ မှ ၁၅ ဦး တက်ရောက်ကာ စုစုပေါင်းသင်တန်းသား (၁၈) ဦး ရှိကြောင်း၊ သင်တန်းဆင်းပွဲတွင် မွန်ပြည်တော် လှန်ရေးတပ် ရဲဘော် သူရအောင် က မီတာ ၃၀၀ အထိ ရှိသည့် ပစ်မှတ်ကို ကောင်းမွန်စွာ ပစ်ခတ်နိုင် သည့် အတွက် ပထမဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

 

“စနိုက်ပါ လက်ဖြောင့်တပ်သားတွေရဲ့ တာဝန်ဟာ အင်မတန်မှ ကြီးလေးပါတယ်။ မိမိတို့ရဲ့ ကျန်နေ တဲ့ ရဲဘော်များရဲ့ လုံခြုံရေးကို တာဝန်ယူရသလို ရန်သူ့ ပစ်မှတ်ကို ကောင်းကောင်းကြီး ပစ်နိုင်ပြီး အောင်ပွဲယူဖို့ က အရေးကြီးပါတယ်" ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မီတီဥက္ကဌ နိုင်မွန်စိုင်းမှ မိန့် ခွန်းစကားပြောရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။

 

သင်တန်းဆင်းပွဲ အခမ်းအနားသို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မီတီဥက္ကဌ နိုင်မွန် စိုင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းတိုင်း စစ်ဒေသ (၃) ဗျူဟာ (၃၃) ၏ ဗျူဟာမှုး စောဒါးကို တို့ တက်ရောက်မိန့် ခွန်းပြောကြား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *