Sagaing News

0 0
Read Time:1 Minute, 34 Second

ဒီပဲယင်းမြို့မရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့်အတူ ၁ ဦးအရှင်ဖမ်းမိ

 

D Day News

အောက်တိုဘာလ ၁၇

 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့မရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား၊ ပျူ တစ်ဦးသေဆုံးပြီး တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း အဖြူရောင် ဒီပဲယင်း ပကဖထံမှ သိရသည်။

 

ယနေ့အောက်တိုဘာလ ၁၇ ရက် နံနက် ၈ နာရီခန့်က ဒီပဲယင်းမြို့မရဲစခန်းမှ ထွက်လာသော အ ကြမ်း ဖက်စစ်သား၊ ပျူများသည် ပြည်သူ့နေအိမ်များအတွင်းရှိ ပစ္စည်းများကို ခိုးယူရန် လုပ်ဆောင် နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ မိုင်းရှင်းစစ်သား ၁ ဦးသေဆုံးခဲ့ပြီး ပျူ တစ်ဦးနှင့် စစ်သား တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတသ ဇော်ဇော်လှိုင်ကို သေနတ် တစ်လက်နှင့်အတူ အရှင်းဖမ်းမိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် အဖြူရောင် (ပကဖ) ၊ A2k ပကဖ ၊ ပေါင်ချိန်ပကဖ ၊ ခင်ဦး မြို့နယ် NAA-DF နှင့် ခင်ဦးမြို့နယ် LBBGH တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *