International News

0 0
Read Time:6 Minute, 5 Second

အကြမ်းဖက်စစ်ကောင်စီမှ “ငါတို့အုပ်ချုပ်မှု ပြန်မရမချင်း ယင်းဒေသတွင် လုံးဝ ငြိမ်းချမ်း မှု မရှိစေ ရ” ဟူ၍ အရှက်တရား ကင်းမဲ့စွာဖြင့် ပြောင်ပြောင်တင်းတင်း ပြောဆိုထားပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့၏ ကူညီမှုများဖြင့် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်း ပြောဆို

 

D Day News

အောက်တိုဘာလ ၁၇

 

အကြမ်းဖက်စစ်ကောင်စီမှ “ငါတို့အုပ်ချုပ်မှု ပြန်မရမချင်း ယင်းဒေသတွင် လုံးဝ ငြိမ်း ချမ်း မှု မရှိစေ ရ” ဟူ၍ အရှက်တရား ကင်းမဲ့စွာဖြင့် ပြောင်ပြောင်တင်းတင်း ပြောဆိုထားပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့၏ ကူညီမှုများဖြင့် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းကပြောကြားသည်။

 

အောက်တိုဘာလ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးဖောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက် ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ၏ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်တွင်၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံရှိ အကြမ်းဖက်စစ်ကောင်စီမှ “ငါတို့အုပ်ချုပ်မှု ပြန်မရမချင်း ယင်းဒေသတွင် လုံးဝ ငြိမ်း ချမ်း မှု မရှိစေရ” ဟူ၍ အရှက်တရား ကင်းမဲ့စွာဖြင့် ပြောင်ပြောင်တင်းတင်း ပြောဆိုထားပြီး အရပ် သား များအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများသည် ယခုနှစ် ကုန်ပိုင်းတွင် ငါးဆ ကျော် တိုးမြင့်လာခဲ့ပြီး အရပ်သားပြည်သူများအား အကြောက်တရားရစေရန် တော်လှန်ရေးတပ် ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာဒေသများတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် မှုများပိုမိုပြုလုပ်နေ ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြထားသည်

ရှမ်းပြည်နယ်၏ အကြီးဆုံးမြို့တစ်ခုဖြစ်သည့် လားရှိုးမြို့ကို (MNDAA) အဖွဲ့မှ ထိန်းချုပ် ထားနိုင်ခဲ့ ချိန်ကစ၍ စစ်တပ်မှ ဖျက်ဆီးထားမှုများကို ပြန်လည် ပုံမှန်ဖြစ်အောင် ဆောင်ရွက် ခဲ့သော်လည်း စစ်တပ်မှ အဆက်မပြတ် ဗုံးကြဲချနေပြီး၊ စစ်ကောင်စီကို ဆန့်ကျင်သူများ ရှိသည့် နေရာတွင် ငြိမ်း ချမ်းမှု မရှိစေရဟု ပြည်သူ များကို ခြိမ်းခြောက်ခဲ့ကြောင်း၊ လွန်ခဲ့သော (၄) လကျော် က စစ်ကောင် စီမှ နိုင်ငံ အတွင်း ပျှမ်းမျှ တစ်နေ့လျင် (၇) ကြိမ် လေကြောင်း တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ရာ အရပ် သားများ အသက်ဆုံးရှုံးမှုနှင့် ပျက်စီးဆုံးရှုံးနေရမှုများ သည် ပုံမှန်လို ဖြစ်လာနေကြောင်း သိရသည်။

 

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို အဖန်တလဲလဲ မေတ္တာရပ်ခံခဲ့သော်လည်း အဖွဲ့ဝင် နိုင်ငံအချို့မှာ မြန် မာ ပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်စေရန် စစ်ကောင်စီကို ကူညီမှုများ ပြုလုပ်လျက်ရှိပြီး လေယာဉ် လောင်စာဆီ၊ တိုက်လေယာဉ်နှင့် ဆက်စပ် နည်းပညာများကို ပိုမိုတင်သွင်းမှု ပြုလုပ်ခဲ့ကြောင်း၊

ထို့ကြောင့် အာဏာ သိမ်း ယူပြီးနောက်ပိုင်းမှစ၍ နိုင်ငံတစ်ဝှမ်းတွင် လေကြောင်းမှ တိုက်ခိုက်မှုများ ကို အရှိန်မြင့် ဆောင်ရွက်ခဲ့ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်

 

လက်ရှိအခြေအနေများအရ ကုလသမဂ္ဂ၏ ဆောင်ပုဒ်ဖြစ်သော “Leaving no one behind” ဆိုသည် ကို လက်ခံရန် လွန်စာခက်ခဲလျက်ရှိပြီး ယင်းမှာ ဝမ်းနည်းစရာကောင်း သော အမှန် တရားတစ်ခု ဖြစ် ကြောင်း၊ ရာစုနှစ်ဝက်ကျော် တိုင်းပြည်အား စစ်အာဏာရှင်များမှ ထိန်းချုပ်ခံခဲ့ရခြင်းကြောင့် နိုင်ငံ အနေဖြင့် အလွန်အမင်း နောက်ကျကျန်ခဲ့ပြီး ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ယခုအကြိမ် ၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းယူမှုသည် မှန်းဆထားသည်ထက်ပင် တိုင်းပြည်အား နောက်ပြန်ဆွဲသွားပြီး စစ်တပ်သို့ လက်နက်တင်ပို့မှု၊ တိုက်လေယာဉ်ဆီ တင်ပို့မှု မပြုလုပ်ရန်နှင့် ယင်း တို့၏လုပ်ရပ်များအတွက် အရေးယူ ဆောင်ရွက်မှုပြုပေးရန် အဖွဲ့ဝင်နိုင်ငံများအား မိမိတို့မှ မေတ္တာရပ်ခံခဲ့သော်လည်း အချို့မှ လုံးဝ တုန့်ပြန်မှု မရှိခဲ့ကြောင်း သိရသည်။

 

ပြည်သူများအား စစ်ကောင်စီ၏ သတ်ဖြတ်နေမှုမှ ကာကွယ်ပေးရန်တောင်းဆိုခြင်း သာဖြစ်ပြီး မြန် မာ နိုင်ငံ၏ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ပြည်သူများ အသက်ကို ကယ်တင်ပေးမှု တို့ အပေါ် အမှန် တကယ် စိုးရိမ် အလေးထားသည်ဆိုပါက စစ်ကောင်စီ ထံသို့ တိုက်လေယာဉ်လောင်စာဆီ၊ လက် နက် နှင့် ဆက်စပ်ပစ္စည်း များ လွဲပြောင်းပေးမှုများရပ်တန့်ခြင်းသည် အလွယ်ကူဆုံး လုပ်နိုင်သည့် အကောင်းဆုံးကူညီ ဆောင်ရွက်မှု ဖြစ်ပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စား လှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *