Sagaing News

0 0
Read Time:2 Minute, 42 Second

ကန့်ဘလူမြို့နယ်၊ ငါတို့ပျူရွာမှ ပျူကင်းပုန်းစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၃ ဦး သေဆုံး

 

D Day News

အောက်တိုဘာလ ၁၇

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါတို့ပျူရွာစခန်းမှ ပျူစောထီးများ ကင်ပုန်းဝပ်နေသည့် အထိုင် စခန်းတစ်ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း ကန့်ဘူလူမြို့နယ် ပြည်သူ့ကာကွယ်ရေး – ပကဖ လှုပ်ရှား ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

 

အောက်တိုဘာလ ၁၄ ရက် ည ၁၀ နာရီခန့်က ကန့်ဘလူမြို့နယ်၊ ငါတို့ပျူစောထီးကျေးရွာမှ ပျူ စောထီးအင်အား ၃၀ ခန့်ဖြင့် အထိုင်ချကာ ကင်းပုန်းယူထားသည့် စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီးများ နေထိုင်ရာ ဘန်ကာနှင့်စခန်းအတွင်း တည့်တည့် ကျရောက် ပေါက်ကွဲခဲ့ပြီး ပျူစောထီး ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများ အနက် တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိပြီး စိုးရိမ်ရကြောင်း သိရသည်။

“ငါတို့ပျူရွာနဲ့ ညောင်ပင်ယင်းမာကြားမှာက ဆည်ဘောင်ပေါ်က ရေပိုလွှဲမှာ စခန်းအထိုင်ချထားတာ၊ အင်အားကတော့ ၃၀ လောက်ရှိမယ်၊ ကင်းပုန်းပုံစံမျိုးနဲ့ပဲရှိတယ်။ အဲဒီ စခန်းကို ဒရုန်းဗုံးသီး ၃ လုံးကို ပွိုင့် ၂ ပွိုင့်ခွဲချတာ။ သူတို့ဘန်ကာနဲ့ ကတုတ်ကျင်းနေရာကိုကျတာ၊ ၃ ဦးသေတယ်၊ ၆ ဦး ဒဏ်ရာ ရ တယ်။ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာသင်္ဂြိုလ်တယ်လို့ သတင်းရတယ်။ ကျနော်တို့ ပထမ တစ်ကြိမ်ချ ကတည်းကထွက်ပြေးကြတာတွေနဲ့ကတုတ်ကျင်းထဲဝင်ပုန်းတဲ့သူကပုန်းဖြစ်သွားတာ၊ သူတို့ကလည်း အမိန့်ကြောင့်သာ လာနေကြရတာဆိုတော့ ဒရုန်းချနဲ့တစ်ခါတည်း ပြေးကြတာ” ဟု ကန့်ဘူလူမြို့ နယ် ပြည်သူ့ကာကွယ်ရေး – ပကဖ လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘူလူမြို့နယ် ပြည်သူ့ကာကွယ်ရေး – ပကဖ လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ ရဲဘော် များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းဖြင့် ဗုံးသီးချပြီးနောက် ပျူစောထီးများမှာ စခန်းအတွင်းမှ ထွက်ပြေးသွားကြောင်း၊ သေဆုံးပျူစောထီးအလာင်းများကို နံနက်ပိုင်း မိုးလင်းချိန်ရောက်မှ လာ ရောက်ကောက်ယူသွားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *