Poem

0 0
Read Time:1 Minute, 1 Second

ကဗျာကဏ္ဍ “သီတင်းကျွတ်လရာသီ”

 

ပျိုးကြဲလက်

 

သီတင်းဝါ ကျွတ်ရင်ဖြင့်

မိုးလွတ်တဲ့ ရာသီ

အဿဝတီ

နက္ခတ်နှင့်တူရာသီ

ခါတော်မီ တာရာကျီးရယ်နှင့်

မီးထွန်းပွဲ မြိုင်မြိုင် နွှဲကြတယ်လေး ။

 

ပဝါရဏာပွဲအကျော်

မီးမြင်းမိုရ်ပွဲတော်

ကြာပန်းနော် ရာသီပန်းရယ်က

လှမ်းကြွတုပြိုင်

ချိန်ခွင်ကိုင် ကုန်သည်ရုပ်ဟာဖြင့်

ရာသီရုပ်ပေါ့ သည်ချိန်ခါ

အင်္ဂါကြာသပတေး ရက်ရာဇာနှင့်

တနင်္ဂနွေတနင်္လာက ပြဿဒါး

နဂါးခေါင်းလှည့် အရှေ့ရယ်ပေါ့

နေ့ညဉ့်ခြားက သုံးဆယ်စီ

နာရီအလီလီ အညီအညာကွယ့်

သုံးဖဝါးသာ မွန်းတည့်ဖဝါးကိုလ

မှတ်သားပေါ့ အထွေထွေ

ဘိုးဘွားအမွေ ရေရှည်ကိန်းအောင်

ထိန်းကြကွယ်လေး။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ စက်တင်ပါလ ၁၂ ရက် ညနေ ၅ နာရီ ၇ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *