Sagaing News

0 0
Read Time:2 Minute, 54 Second

မင်းကွန်းမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော စစ်သား၊ ရဲများကို ဝင်ရောက်ပစ်ခတ်မှု ရဲအရာရှိ ၃ ဦးသေဆုံး၊ စစ်သားရဲများက လက်ဖက်ရည်ဆိုင်အပါအဝင် အနီးအနားရှိနေအိမ်များကို မီးရှို့ဖျက်ဆီး

 

D Day News

အောက်တိုဘာလ ၁၆

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းမြို့၊ မယ်တော်ကြီးဘုရားရှေ့ လက်ဖက်ရည်ဆိုင်ထိုင်နေ သော စစ်သား၊ ရဲများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲအရာရှိ ၃ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား၊ ရဲများက လက်ဖက်ရည်ဆိုင်အပါအဝင် အနီးပတ်ဝန်းကျင်ရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံက သိရသည်။

 

ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မင်းကွန်းမြို့၊ မယ်တော်ကြီးဘုရား ရှေ့ရှိ လက် ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အရပ်ဝတ်များဖြင့် လက်ဖက်ရည်သောက်နေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် သက်နိုင်ဌေးမှာ ယာဘေးနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်လည်းကောင်း၊ ဒုရဲအုပ် ရဲဝင်းထွန်းမှာ ယာပါး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်လည်းကောင်း၊ ရဲဒုတပ်ကြပ် ဇော်မင်းနိုင်မှာ ဦးခေါင်းထိပ် ကျည် ဖောက်ဝင်ဒဏ်ရာ၊ ယာပေါင် ကျည်ဖောက်ဝင် ဒဏ်ရာတို့ဖြင့် သေဆုံးသွားခဲ့ကြောင်း ၊ အကြမ်းဖက် စစ်တပ်မှ တပ်ကြပ် မောင်ဆန်းမှာ ယာနံဘေး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အသက်အန္တရာယ် စိုးရိမ် ရ ဖြင့်လည်း အသီးသီးသေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မင်းကွန်း စောစောစီးစီးပွဲကြမ်း။ စခ ၃ ဦးပစ်ခတ်ခံရပြီး သေဆုံးတယ်။ သူတို့တွေ သေတော့ ဆိုင်ကို မီးရှို့ပြီး ရမ်းပစ်တာ ပြည်သူတွေ ထိတယ်လို့ သိရတယ်။ ခုတော့ နာရေးကားတွေနဲ့ သေဆုံး ဒဏ်ရာရ စခတွေကို ကားတွေနံ့ သယ်သွားတယ်။ လက်နက်ရသွား၊ မသွားတော့ မသိရဘူး” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောကြားသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပြန်လည်၍ ရမ်း သမ်း ပစ်ခတ်ခဲ့ရာ ပြည်သူများထိခိုက်မှုရှိခဲ့သည့်အပြင် အကြမ်းဖက်စစ်သား၊ ရဲ အင်အား အများ အပြားဖြင့် ရောက်ရှိလာကာ ဖက်ရည်ဆိုင်အပါအဝင် အနီးအနားရှိနေအိမ် အချို့ကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း၊ ထို့အပြင် မင်းကွန်းမြို့အဝင်၊ အထွက်လမ်းများကိုလည်း ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရ သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *