ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ရွာတွင် သန်းခေါင်စာရင်း လိုက်ကောက်နေသည့်ပျူစခန်းကို ဝင်ရောက် တိုက် ခိုက်
D Day News
အောက်တိုဘာလ ၁၆
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ရွာတွင် သန်းခေါင်စာရင်း လိုက်ကောက်နေသည့် ပျူစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလ ၁၄ ရက်နေ့ ည ၉ နာရီခန့်တွင် ပဲ့တိုင်ကျေးရွာရှိ ပျူများသည် အကြမ်းဖက်စစ် ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ပူပေါင်းပါဝင်နေသည့်အတွက် ကျေးရွာအတွင်းရှိ ပျူ စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပျူများဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ ပြီး စမုံချောင်းဝတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်တပ်၏ ရေတပ် စစ်သင်္ဘောကလည်း ပွိုင့် ဖိုက်ဖြင့် ပစ်ခတ်ကာ ပဲ့တိုင်ကျေးရွာအတွင်း ရောက်ရှိလာကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး ပျူများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်ပြုနိုင်ရန် စုံစမ်းလျက်ရှိ ကြောင်း သိရသည်။
D Day News