Tanintharyi News

0 0
Read Time:4 Minute, 12 Second

ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စုအတွင်း သန်းခေါင်းကောက်ပြီးနောက် အောင်ပွဲအထိမ်း အမှတ် သောက်စားပျော်ပါးနေသော အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး အုပ်စုကို ဝင်ရောက်တိုက်ခိုက်မှု ၂ ဦးသေဆုံး

 

D Day News

အောက်တိုဘာလ ၁၆

 

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စုအတွင်း သန်းခေါင်စာရင်းကောက်ပြီး နောက် အောင်ပွဲအထိမ်းအမှတ် သောက်စားပျော်ပါးနေသော အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီး အုပ်စု ကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ အောက်တိုဘာလ ၁၅ ရက် ည ၉ နာရီခန့်က ကော့သောင်းမြို့နယ် ၊ မလိဝမ်းကျေးရွာအုပ်စု အတွင်း သန်းခေါင်စာရင်းကောက်ပြီးနောက် အောင်ပွဲအထိမ်းအမှတ်အဖြစ် အကြမ်းဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများ စုပေါင်း၍ ၁၉ မိုင်ကျေးရွာရှိနေအိမ်တစ်အိမ်၌ သောက်စားပျော်ပါးနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာ ပြန် လှန်ခုခံတိုက်ခိုက်သည့် ပျူစောထီး ရောင်နီနှင့် ဘဦးတို့သေဆုံးပြီး ကျန်သူများမှာ ထွက်ပြေးလွတ် မြောက်သွားကြောင်း သိရသည်။

“ကောက်တဲ့အချိန်က အင်အား ၁၅၀ လောက်နဲ့ လုံခြုံရေးချပြီးတော့ အမြန်ကောက်သွားတာ၊ လူမရှိ တဲ့အိမ်လည်း မကောက်တော့ဘူး။ လူရှိတဲ့ အိမ်လည်း အိမ်ထောင်စုလောက်ပဲယူပြီးတော့ သူတို့ဘာ သာသူတို့ဖြည့်ပြီး မြန်မြန်ဆန်ဆန်ကောက်ယူသွားတာ၊ အင်အား ၁၅၀ လောက်ချထားတော့ ကျနော် တို့က ဝင်လို့မရခဲ့ဘူး။ မနေ့ညက အုပ်ကြီးနဲ့ ပျူစောထီးအဖွဲ့တွေ ၁၉ မိုင်ကျေးရွာမှာ သန်းခေါင်စာ ရင်းကောက်တာအောင်မြင်တယ်ဆိုပြီး စားပွဲသောက်ပွဲလုပ်ကြတာ၊ အဲဒီအချိန်မှာ ကျနော်တို့က ဝင် ဆွဲတာ၊ ဝင်ဆွဲတာမှာ ပြေးတဲ့သူတွေကလည်း၊ မရောက်ခင် ပြန်တဲ့သူတွေကလည်း ပြန်ဆိုတော့ ၂ ယောက်ပဲ ပြန်ခုခံလို့ သေသွားတာ” ဟု ကော့သောင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့သို့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ခမောက်ကြီးမြို့အခြေစိုက် ၂၆၂ တပ်ရင်း မှ လက်နက်ကြီးဖြင့် ၁၀ ချက်ခန့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ အောက်တိုဘာလ ၁၆ ရက်နံနက်ပိုင်းတွင် ကော့သောင်း မြို့မှ အကြမ်းဖက်စစ်သား အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့်အပြင် ရေ ကြောင်းမှ စက် လှေ ၂ စီးဖြင့် မလိဝမ်းကျေးရွာအုပ်စုဘက်သို့ တက်လာမှုရှိကြောင်း သိရသည်။

 

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေဖြင့် စစ်မှုထမ်းဥပဒေနှင့် သန်းခေါင် စာရင်းကောက်ယူခြင်း ကိစ္စရပ်များကို ကန့်ကွက်ကြောင်း၊ ၎င်းကိစ္စများတွင် မပါဝင်ကြရန် သတိပေး လက်ကမ်းစာစောင်များနှင့် သတိပေးထုတ်ပြန်စာများကို အကြိမ်ကြိမ် သတိပေးထုတ် ပြန်ထားသော် လည်း စစ်ကောင်စီထောက်တိုင်ဖြစ်သော ပျူစောထီးအဖွဲ့များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ သည် စစ်ကောင်စီအား အားပေးကူညီဆောင်ရွက်နေကြသည်ကိုတွေ့ရှိရကြောင်း၊ ပြည်သူနှင့် မပူး ပေါင်းသော စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင် ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများအား လုပ်ထုံးလုပ်နည်းအတိုင်း အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *