TNLA News

0 0
Read Time:3 Minute, 27 Second

သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ဟောင်ဝိဇာလက်နက်ကြီး အပါ အဝင်၊ လက်နက်မျိုးစုံ (၁၅၅) လက်၊ 60 MM (၇) လက်၊ 81 MM (၁) လက်၊ RPG (၂) လက်၊ စက်လက် (၉) လက်အပါအဝင်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိ

 

D Day News

အောက်တိုဘာလ ၁၅

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးကို ရှင်းလင်း နိုင်ခဲ့ပြီး ဟောင်ဝိဇာလက်နက်ကြီး အပါအဝင်၊ လက်နက်မျိုးစုံ (၁၅၅) လက်၊ 60 MM (၇) လက်၊ 81 MM (၁) လက်၊ RPG (၂) လက်၊ စက်လက် (၉) လက်အပါအဝင်ခဲယမ်း အမြောက်အများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

သီပေါမြိုနယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး (၂) လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ် စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

စစ်ကောင်စီ သီပေါတပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက် ခိုက်မှု စုစုပေါင်း Jet Fighter (၁၀၅)ကြိမ်၊ Y12 (၁၆၇)ကြိမ်၊ လက်နက်ကြီးဖြင့် (၁၈၉၃) ကြိမ်၊ ရော့ ကတ် ဒုံးကျည် (၈)ကြိမ်နှင့် ဟောင်၀ိဇာ (၈)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့သည့်အပြင် ထောက်ပို့ယာဉ် Y 12ဖြင့် (၇၉) ကြိမ်၊ Y8 (၂)ကြိမ်၊ Mi17 (၅) ကြိမ် လက်နက်ခဲယမ်းများ (၄၄၀) ထုပ် ကြဲချပေးခဲ့ ကြောင်း သိရသည်။

 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင် နေ ကြရသည့် ရဲမေ (၇၈) ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားခြင်းစာနာ ထောက်ထား သောအားဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁) လက်၊ RPG (၂)လက်၊ စက်လက် (၉)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအ ဆောင် ပစ္စည်းများ ရှင်းလင်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီ သီပေါမြို့တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက်ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို ဒေသခံ (၃၃) ဦး သေဆုံးပြီး (၈၀)ဦး ဒဏ်ရာရ၊ စာသင်ကျောင်း(၂)ကျောင်းနှင့် လူနေအိမ် (၄၇)လုံး လေယာဉ် ဗုံးစ ထိမှန် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း တအာင်းတပ်မတော် PSLF /TNLA မှ နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို ပဉ္စမမြို့ မြောက်အဖြစ် အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *