မုံရွာမြို့ပေါ်ရှိ ရွှေဆိုင် ဓားပြတိုက်သူများကို ဖမ်းမိထားဟု မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်
D Day News
အောက်တိုဘာလ ၁၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အား ဓားပြတိုက်သူများကို ဖမ်းဆီးထိန်းသိမ်းထား ကာ ကျန်ရှိနေသော တရားခံများကိုလည်း ဆက်လက်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း မုံရွာမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အား လက်နက်ကိုင်လူတစ်စုမှ ဓား ပြဝင်တိုက်ခဲ့ရာ ပြစ်မှုကျိူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရေး မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တို့မှ ပူးပေါင်းစုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန် သည်ဟု ဆိုသော အမျိုးသား ၃ ဦးကို ကနဦး ဖမ်းဆီးထိန်းသိမ်းနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရရှိသူ ၃ ဦးကို စစ်ဆေးပေါ်ပေါက်ချက်အရ နောက်ကွယ်၌ ပါဝင်ပတ်သက်နေသူများ လည်း ကျန်ရှိနေသေးပြီး ၎င်းတို့ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။
မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန ၏ ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကာကွယ်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ယခုကဲ့သို့ ပြည်သူလူထုအား ထိခိုက်နစ်နာစေသည့် လုပ်ရပ်များအား တတ်စွမ်းသ၍ တားဆီး ကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Photo – ကနဦးဖမ်းဆီးထိန်းသိမ်းထားသူများနှင့် ဆက်စပ်ပစ္စည်းများ
D Day News